Law Database | Mail | English Version

၁၃၇၉ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်၊ နှစ်သစ်မင်္ဂလာအခါတော်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း မင်္ဂလာအခမ်းအနားကျင်းပ

    ၁၃၇၉ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ( C ) ဆောင်ရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

    အခမ်းအနားသို့ နေပြည်တော်၊  ဥတ္တရသီရိမြို့နယ်၊ ၀ဏ္ဏသိဒ္ဓိရပ်ကွက်ရှိ သာမဏေကျော်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ-တေဇောဘာသ အမှူးပြုသော သံဃာတော် အရှင်မြတ်တို့ကြွ ရောက်ကြသည်။ ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ၀ဏ္ဏသိဒ္ဓိရပ်ကွက်ရှိ သာမဏေကျော် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ-တေဇောဘာသထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။

    ထို့နောက်သံဃာတော်အရှင်မြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြသည်။ ယင်းနောက် ဆရာတော် သံဃာတော် အရှင်မြတ်များထံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အမှူးပြုသော ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီးနောက် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

    အဆိုပါ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်  ပြည်သူ့ လွှတ်တော်ရုံးမှ ၀န်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်

News

16/08/2017

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် တို့သည် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေး (FSWG) အဖွဲ့အား ယ

16/08/2017

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်တို့သည် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဦးမျိုးအောင်ထွေး ဦးဆောင်သောအဖွဲ့အား

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

15/08/2017

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် နှင့် ESCAP အမှုဆောင် အတွင်းရေးမှူး Ms. Shamshad Akhtar အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

14/08/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr Tateshi Higuchi အား ယနေ့နံနက် ၁၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမ

14/08/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr Vikram Misri အား ယနေ့ နေ့လယ် ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်အမ

Pages