Law Database | Mail | English Version

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် Global Commission on Drug Policy ဥက္ကဋ္ဌနှင့်‌ ဆွစ်ဇာလန်နိုင်ငံသမ္မတဟောင်းဖြစ်သူ Ms. Ruth Dreifuss အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် Global Commission on Drug Policy (GCDP) ဥက္ကဋ္ဌနှင့် ဆွစ်ဇာလန်နိုင်ငံသမ္မတဟောင်း ဖြစ်သူ Ms. Ruth Dreifuss အား ယနေ့ နေ့လည် ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်‌ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံစဉ် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သုံးစွဲမှုများနှင့်‌ပတ်သက်၍ ဥပဒေပြုရေး ဆိုင်ရာကိစ္စရပ်များ၊ GCDP ၏ လုပ်ငန်းစဉ်များနှင့် အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

၂၀၁၇ ခုနှစ်၊ ဧပြီလ ၇ ရက်

News

19/01/2018

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long အား ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

19/01/2018

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် Jardine Matheson Holdings Limited ၏ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Hon.

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

09/01/2018

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်သည် Connect to Everyone Association အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

05/01/2018

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး H.E. Mr. Andrew Patrick နှင့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.

Pages