Law Database | Mail | English Version

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် Global Commission on Drug Policy ဥက္ကဋ္ဌနှင့်‌ ဆွစ်ဇာလန်နိုင်ငံသမ္မတဟောင်းဖြစ်သူ Ms. Ruth Dreifuss အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် Global Commission on Drug Policy (GCDP) ဥက္ကဋ္ဌနှင့် ဆွစ်ဇာလန်နိုင်ငံသမ္မတဟောင်း ဖြစ်သူ Ms. Ruth Dreifuss အား ယနေ့ နေ့လည် ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်‌ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံစဉ် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သုံးစွဲမှုများနှင့်‌ပတ်သက်၍ ဥပဒေပြုရေး ဆိုင်ရာကိစ္စရပ်များ၊ GCDP ၏ လုပ်ငန်းစဉ်များနှင့် အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

၂၀၁၇ ခုနှစ်၊ ဧပြီလ ၇ ရက်

News

17/10/2017

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦးသည် မြန်မာနိုင်ငံ အခြေစိုက် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ လက်ခံ တွေ့ဆုံသည်။

16/10/2017

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်သည် သဘာဝအတွက်ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (WWF) အား ယနေ့ နံနက် ၈း၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

15/10/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ် ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကမ္ဘာ့ကုလသမဂ္ဂ၏ နိုင်ငံရေးဌာနဆိုင်ရာဒုတိယအတွင်းရေးမှူးချုပ် Mr Jeffery Feltmanဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားယနေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ် အချိန

Pages