Law Database | Mail | English Version

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၁၉) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးဟာ ဒီနေ့ပြီးဆုံးမှာ ဖြစ်ပါတယ်။ (၃၀-၁-၂၀၁၇) ရက်နေ့က စတင်ကျင်းပခဲ့တဲ့ စတုတ္ထပုံမှန်အစည်းအဝေးဟာ ဒီနေ့ဆိုရင် (၁၉) ရက်မြောက် ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီအစည်းအဝေးကာလအတွင်းမှာ ကြယ်ပွင့်ပြမေးခွန်း (၉၂) ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း (၃၄၉) ခု ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဆို (၁၄) ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို (၆) ခု၊ မှတ်တမ်းတင်အဆို (၅) ခုနဲ့ ဆက်လက် ဆွေးနွေးရန် ကျန်အဆို (၃) ခုတို့ ဖြစ်ကြပါတယ်။ ဥပဒေကြမ်းများအနေနဲ့ ဆွေးနွေးဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း (၁၉) ခု ရှိပြီး ဥပဒေကြမ်း (၉) ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဆောင်ရွက်ရန်ကျန် ဥပဒေကြမ်း (၁၀) ခု ကျန် ရှိပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား -

ယခုအစည်းအဝေးကာလအတွင်းမှာ ပြည်သူ့လွှတ်တော်ကော်မတီ (၁၄) ခု သက်တမ်းတိုးမြှင့် ခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၄) ဦး တို့ကို ကော်မတီအဖွဲ့ဝင်များအဖြစ် ထပ်မံထည့်သွင်း ဖွဲ့စည်းခြင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၈) ဦးကို ကော်မတီ အဖွဲ့ဝင်များ အဖြစ် အစားထိုးလဲလှယ်ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂) ဦးကို ကော်မတီပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းနဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၈) ဦးကို ကော်မတီအသီးသီးမှာ လေ့လာသူများအဖြစ် တာဝန်ပေးအပ်ခြင်းကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား -

ကျွန်တော်တို့ လျှောက်လှမ်းခဲ့ကြတဲ့ ဒီမိုကရေစီလမ်းဟာ ကာလရှည်ကြာစွာ ရုန်းကန်လှုပ်ရှားခဲ့ကြရပါတယ်။ ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ မလျော့သော ဇွဲလုံ့လတွေကြောင့်သာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို ရောက်ရှိကြတာဖြစ်ပါတယ်။ ပြည်သူများကို မျှော်လင့်တောင့်နေတဲ့ ဒီမိုကရေစီပန်းတိုင် ရောက်ရှိနိုင်ဖို့ ကျွန်တော်တို့ ရှေ့သို့ခရီးဆက်ကြရဦးမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ လွှတ်တော်ရဲ့ အဓိကလုပ်ငန်းတာဝန်တွေကို ပီပြင်စွာ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေမှာ အဓိက တာဝန်ရှိပါတယ်။ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနဲ့ လွှတ်တော်ရဲ့ စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းလိုက်နာပြီး မဲဆန္ဒရှင် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ၊ ဆန္ဒတွေကို တာဝန်ကျေပွန်စွာ ဆက်လက်ထမ်းဆောင်ပေးကြစို့ တိုက်တွန်းလိုပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား-

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ကြရာမှာ စေတနာကောင်းတစ်ခုတည်းနဲ့ မအောင်မြင်နိုင်ဘူးဆိုတာ မမြဲသတိပြုကြရမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ၊ ဆင်ခြင်တုံတရားနဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေ၊ မှန်ကန်တဲ့ လုပ်နည်းလုပ်ဟန်တွေကို ပေါင်းစပ်အသုံးချနိုင်မှသာ နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားတို့အတွက် အကျိုးရှိတဲ့ ရလာဒ်ကောင်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျွန်တော်တို့အားလုံး စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူကြရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှုအင်အားနဲ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမယ့် အထူးကိစ္စကတော့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ပဲ ဖြစ်ပါတယ်။ ယနေ့တိုင် ဖြေရှင်းလို့မပြီးပြတ်သေးတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးဟန်ချက်တွေ ပျက်ယွင်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလည်း နောက်ကျခဲ့ရပါတယ်။ ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုများနဲ့ ပြည်ထောင်စုကြီးရဲ့ အကျိုးကိုမျှော်ကိုးပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာကြရမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား-

နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ မိမိတို့ရဲ့ ဒေသအသီးသီးကို ပြန်လည်ရောက်ရှိတဲ့ ကာလအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာ စေတနာအပြည့်နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါ။ သက်ဆိုင်ရာ ဒေသနယ်ပယ်အလိုက် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေ တည့်မတ်မှန်ကန်အောင် (Parliamentary Oversight) အဖြစ် လွှတ်တော်က စောင့်ကြည့် ထိန်းညှိပေးကြပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁(က) ပါ ပြဋ္ဌာန်းချက်နှင့်အညီ တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ကိုလည်း ပြုလုပ်ပေးကြပါ။ ဒီလို (Check & Balance) အပြန်အလှန် ထိန်းကျောင်းခြင်း ပြုလုပ်တဲ့နေရာမှာ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်ပြီး ဝင်ရောက်စွက်ဖက်တဲ့ ပုံစံမျိုး မဖြစ်ရအောင်လည်း သတိပြုဆောင်ရွက်ကြပါ။ ပြည်သူက ယုံကြည်အားကိုး တန်ဖိုးထားလေးစားတဲ့ လွှတ်တော်ကိုယ်စားလှယ်များဖြစ်အောင် အစဉ်ကြိုးစား ဆောင်ရွက်ကြပါ။ ကိုယ်စားလှယ်များရဲ့ ခရီးလမ်း သာယာဖြောင့်ဖြူးပြီး ဘေးအန္တရာယ် ကင်းကြပါစေ၊ မိသားစုများ ပျော်ရွှင်ချမ်းမြေ့ကြပါစေ၊ လာမယ့် ပဉ္စမပုံမှန်အစည်းအဝေးမှာ ကျန်းမာရွှင်လန်းစွာဖြင့် ပြန်လည်ဆုံတွေ့နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် -

၂၀၁၇ ခုနှစ်၊ မတ်လ ၁၇ ရက်

News

19/09/2017

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၊ Padauk (Yadanar Banquet Hall) ၌ ကျင်းပသည့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (JCC) နှင့် U

19/09/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ICRC (International Committee of the Red Cross) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Fabrizzio Carboni အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

13/09/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိသျှကုန်သည်ကြီးများအသင်း(မြန်မာနိုင်ငံ) (British Chamber of Commerce Myanmar)၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Ms Chloe Taylor အား ယနေ့ နေ့လယ် ၁

13/09/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr.

Pages