ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် International IDEA မှမြန်မာဌာနေ ကိုယ်စားလှယ် Mr. Mark McDowell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာလွှတ်တော်နှင့် International IDEA တို့အကြား နားလည်မှု စာချွန်လွှာ(MoU) ရေးထိုးဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ အတွက် စွမ်းဆောင်ရည်မြင့်မား တိုးတက်စေရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ရေး အဖွဲ့ (JCC) ဒုတိယဥက္ကဋ္ဌ ဦအောင်ကြည်ညွန့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ ဒေါ်သန်းငွေ၊ ဒေါ်အေးအေးမူ၊ လွှတ်တော်ရုံးများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ မတ်လ ၁၆ ရက်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long အား ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် Jardine Matheson Holdings Limited ၏ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Hon.
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E.
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် National Democratic Institute (NDI) Myanmar ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Peter M.
ပြည်သူ့လွှတ်တော်ရုံးအတွက် eMail Security and Maintenance လုပ်ငန်းဝန်ဆောင်မှုပေးခြင်းအား မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်လိုပါသည်။ တင်ဒါပုံစံတစ်စောင်လျှင် ကျပ် ၂၀၀၀ိ/-(ကျပ် နှစ်ထောင်တိတိ) နှုန်းဖြင့် ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်းနံပါတ် ၀၆၇-