Law Database | Mail | English Version

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ် International IDEA မှ မြန်မာဌာနေကိုယ်စားလှယ် Mr. Mark McDowell ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

 ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် International IDEA မှမြန်မာဌာနေ ကိုယ်စားလှယ်  Mr. Mark McDowell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။         

ထိုသို့တွေ့ဆုံစဉ် မြန်မာလွှတ်တော်နှင့် International IDEA တို့အကြား နားလည်မှု စာချွန်လွှာ(MoU)  ရေးထိုးဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ အတွက် စွမ်းဆောင်ရည်မြင့်မား တိုးတက်စေရေးဆိုင်ရာကိစ္စရပ်များ၊  လွှတ်တော်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို   ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ရေး အဖွဲ့ (JCC) ဒုတိယဥက္ကဋ္ဌ ဦအောင်ကြည်ညွန့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ ဒေါ်သန်းငွေ၊ ဒေါ်အေးအေးမူ၊ လွှတ်တော်ရုံးများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

၂၀၁၇ ခုနှစ်၊ မတ်လ ၁၆ ရက်

News

28/03/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ချင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များအား မတ်လ ၂၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်ထောင်စုရိပ်သာ အစည်းအဝေးခန်မ၌ တွေ့ဆုံ၍ ဥပဒေပြုရေး၊ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော် အတွေ့အကြုံများကို  ရှင်းလင်းပြောကြားသည်။

28/03/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကချင်ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များအား မတ်လ ၂၄ ရက် မွန်းလွဲ ၃ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်ရုံး၌ တွေ့ဆုံပြီး ဥပဒေပြုရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လွှတ်တော် အတွေ့အကြုံများ  ရှင်းလင်းပြောကြားသည်။

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

10/03/2017

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် သည် Democracy Reporting International အဖွဲ့အား ယနေ့ ညနေ (၃း၀၀) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

10/03/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဥရောပသမဂ္ဂစာရင်းစစ်အဖွဲ့၏ ဌာနကြီး (၃) အကြီးအကဲဖြစ်သူ H.E.Mr.Baron Karel Pinxten ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် နေပြ

08/03/2017

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် National Democratic Institute (NDI) ဌာနေကိုယ်စားလှယ် Ms. Ans Zwerver ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Pages