Law Database | Mail | English Version

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စင်ကာပူသမ္မတနိုင်ငံ၊ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီးH.E. Mr Goh Chok Tong နှင့် အဖွဲ့အား ယနေ့ နံနက်  ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ဥပဒေရေးရာကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်း အခြေ အနေ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံအနာဂတ်အတွက် ရေရှည်အကျိုးဖြစ်ထွန်းရေး အလားအလာများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကိုကိုနိုင်၊ ဦးစံရွှေအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ မတ်လ ၁၆ ရက်

News

23/08/2017

 ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် International Republican Institute (IRI) ၏ Senior Advisor Ms.

23/08/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၊ နိုင်ငံတကာရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ Mr.

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

23/08/2017

 ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် International Republican Institute (IRI) ၏ Senior Advisor Ms.

23/08/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၊ နိုင်ငံတကာရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ Mr.

22/08/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီး H.E Mr Wouter Jurgens အား ယနေ့ နံနက် ၁၀ နာရီ ၃၀ မိန

Pages