Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ စင်္ကာပူနိုင်ငံ ISEAS – Yusof Ishak အဖွဲ့အစည်းမှ ပြင်သစ်သုတေသနပညာရှင်အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် စင်္ကာပူနိုင်ငံ ISEAS – Yusof Ishak အဖွဲ့အစည်းမှ ပြင်သစ်သုတေသနပညာရှင် Dr. Renaud Egreteau အား ယနေ့ ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-4) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် Dr. Renaud Egreteau က လွှတ်တော်၏ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိမှု ၊ လွှတ်တော် လုပ်ငန်းများ တိုးတက်မှုအခြေအနေ ၊ ပထမအကြိမ် လွှတ်တော်နှင့် ယခုဒုတိယအကြိမ် လွှတ်တော်တို့၏ ဆောင်ရွက်မှုများကို  အစီရင်ခံစာ တင်ပြသွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး  တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ အနေဖြင့်  ကော်မတီ ဖွဲ့စည်းမှုထားရှိအခြေအနေ၊  ပြည်သူများထံမှ တင်ပြလာသည့်  ကိစ္စရပ်များအား အရေးယူ ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌနှင့် အတူကော်မတီ အတွင်းရေးမှူး ဦးအောင်တင်လင်း နှင့် ဗိုလ်မှူးချုပ်ဝင်းမောင်တို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ မတ်လ ၁၄ ရက်

News

23/08/2017

 ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် International Republican Institute (IRI) ၏ Senior Advisor Ms.

23/08/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၊ နိုင်ငံတကာရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ Mr.

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

23/08/2017

 ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် International Republican Institute (IRI) ၏ Senior Advisor Ms.

23/08/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၊ နိုင်ငံတကာရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ Mr.

22/08/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီး H.E Mr Wouter Jurgens အား ယနေ့ နံနက် ၁၀ နာရီ ၃၀ မိန

Pages