Law Database | Mail | English Version

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဥရောပသမဂ္ဂစာရင်းစစ်အဖွဲ့၏ ဌာနကြီး (၃) အကြီးအကဲအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဥရောပသမဂ္ဂစာရင်းစစ်အဖွဲ့၏ ဌာနကြီး (၃) အကြီးအကဲဖြစ်သူ H.E.Mr.Baron Karel Pinxten ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဥရောပသမဂ္ဂ၏ ဆောင်ရွက်ပေးနိုင်မှုနှင့် ဆောင်ရွက်နေမှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကိုကိုနိုင်၊ ဦးစံရွှေအောင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့ နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E.Mr. Roland Kobia လည်းတက်ရောက်သည်။

၂၀၁၇ ခုနှစ်၊ မတ်လ ၁၀ ရက်

News

23/06/2017

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည်  မြန်မာနိုင်ငံ အာဆီယံဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများအလုပ်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမေရှီးရှို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ (၁၅း၀၀) နာရီအချိန်တ

22/06/2017

 ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် အမေရိကန်ပြည်ထောင်စုအခြေစိုက် နည်းပညာကုမ္ပဏီ Uber မှ မန်နေဂျင်းဒါရိုက်တာ ဂျူဒီတင်မောင်သိန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆေ

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

23/06/2017

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည်  မြန်မာနိုင်ငံ အာဆီယံဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများအလုပ်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမေရှီးရှို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့

22/06/2017

 ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် အမေရိကန်ပြည်ထောင်စုအခြေစိုက် နည်းပညာကုမ္ပဏီ Uber မှ မန်နေဂျင်းဒါရိုက်တာ ဂျူဒီတင်မောင်သိန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည

22/06/2017

  ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် Singapore, ACE Pressureweld Int’t (Pre) Ltd., ၏ Business Development Director   Ms.Doreen Tay ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆော

Pages