Law Database | Mail | English Version

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(JCC)ဥက္ကဋ္ဌ ဦးတီခွန်မြတ်မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့(JCC)ဥက္ကဋ္ဌဦးတီခွန်မြတ် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. HONG Liang အား ယနေ့မွန်းလွဲ ၃း၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) အနေဖြင့် လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အပံ့ အကူအညီပေးရေး၊ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် လေ့လာရေး ခရီးစဉ်များ အပြန်အလှန် သွားရောက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(JCC) ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြပါသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်

News

17/04/2017

    ၁၃၇၉ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ( C ) ဆောင်ရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

17/04/2017

     ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသော သုခနဲ့ ပြည့်စုံ ကြပါစေလို့ ဦးစွာမေတ္တာပို့သ အပ်ပါတယ်။

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

08/03/2017

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဦးဇော်သိန်းသည် IDEA ၏ မြန်မာဌာနေကိုယ်စားလှယ် Mark McDowell အား ယနေ့ မွန်းလွဲ ၁၄း၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-5) ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

01/03/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် Forum of Federations မှ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ရေးရာအဆောင်အမှတ် (I-1) ဧည့်ခန်းမဆောင

28/02/2017

 ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောသည် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ Ms. Heike Alefsen အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-5) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Pages