Law Database | Mail | English Version

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(JCC)ဥက္ကဋ္ဌ ဦးတီခွန်မြတ်မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့(JCC)ဥက္ကဋ္ဌဦးတီခွန်မြတ် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. HONG Liang အား ယနေ့မွန်းလွဲ ၃း၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) အနေဖြင့် လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အပံ့ အကူအညီပေးရေး၊ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် လေ့လာရေး ခရီးစဉ်များ အပြန်အလှန် သွားရောက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(JCC) ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြပါသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်

News

30/05/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တူရကီ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr.

30/05/2017

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် သည် UNESCO အဖွဲ့မှ Mr.Mikel Aguirre Idiaquez အား ယနေ့ နံနက် (၀၈း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆ

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

26/05/2017

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Asia General Electric Co.Ltd (AGE) အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

26/05/2017

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း၊ စီးပွားရေး

Pages