Law Database | Mail | English Version

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ဗြိတိန်နိုင်ငံ အောက်လွှတ်တော်အမတ်များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် ဗြိတိန်နိုင်ငံ၊ လေဘာပါတီမှ အောက်လွှတ်တော် အမတ်များဖြစ်ကြသည့် Ms.Margaret Hodge နှင့် Ms. Rushanara All ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် JCC မှ နိုင်ငံတကာလွှတ်တော် ပါလီမန်များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ အမျိုးသမီးများ နိုင်ငံရေးတွင် ယခုထက် ပိုမိုပါဝင်လာနိုင်ရေး၊ ဒီမိုကရေစီအရေး လူ့အခွင့်အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များ၊ လွှတ်တော်လုပ်ငန်း အတွေ့အကြုံများ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ နှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ ကော်မတီအဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်း၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေး ကော်မတီအဖွဲ့ဝင်  ဒေါ်ခင်စောဝေ၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ အဖွဲ့ဝင် ဒေါ်နန်းခမ်းအေး နှင့် ပြည်သူ့လွှတ်တော်ရုံးမှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်

News

19/09/2017

          ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၊ Padauk (Yadanar Banquet Hall) ၌ ကျင်းပသည့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (JC

19/09/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ICRC (International Committee of the Red Cross) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Fabrizzio Carboni အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

19/09/2017

          ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၊ Padauk (Yadanar Banquet Hall) ၌ ကျင်းပသည့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆေ

19/09/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ICRC (International Committee of the Red Cross) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.

19/09/2017

       ပြည်သူ့လွှတ်တော်ရုံးမှ ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားသော “အမတ်တွေကျပ်သိန်း ၁၃၀ နဲ့ BMW ကား စီးနိုင်တော့မှာလား” သတင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ လ ၁၉  ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ခဲ့သည်။

Pages