Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးရာပညာဌာနမှ DRI ကျောင်းသား၊ ကျောင်းသူများအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးရာပညာဌာနမှ DRI ကျောင်းသား၊ ကျောင်းသူများ အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင် အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတကာဆက်ဆံရေးကော်မတီအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ကော်မတီ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသို့  နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ ဦးကံဦး၊ မိကွန်ချမ်း၊ ဒေါ်နန်းမိုးနှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်

News

23/03/2017

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား ၂၀၁၇ ခုနှစ် မတ်လ ၂၂ ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

22/03/2017

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် Democratic Control of Armed Forces (DCAF) ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ အကြီးအကဲ Dr.

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

23/03/2017

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား ၂၀၁၇ ခုနှစ် မတ်လ ၂၂ ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း

22/03/2017

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် Democratic Control of Armed Forces (DCAF) ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ အကြီးအကဲ Dr.

Pages