Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းခိုင် 359 Group International Japan Co.Ltd အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းခိုင်သည် 359 Group International Japan Co.Ltd အဖွဲ့အား ယနေ့ညနေ ၁၅း၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ် ဂျပန်နိုင်ငံမှအကူအညီဖြင့် မြန်မာနိုင်ငံတွင်ယခုလက်ရှိ အသုံးပြုနေသော နိုင်ငံသား စိစစ်ရေးမှတ်ပုံတင်အစား နိုင်ငံတကာအဆင့်မှီ နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်ကတ်ပြား ပုံစံအသစ်အား ထုတ်ဝေအသုံးပြုနိုင်ရေး၊ စီမံကိန်းဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များတက်ရောက် ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်

News

07/12/2017

ဂျပန်နိုင်ငံ Trust Fund for Restoration and Maintenance of the Peace Bell မှ လှူဒါန်းသည့် ကုလသမဂ္ဂငြိမ်းချမ်းရေး ခေါင်းလောင်းပုံစံငယ်တစ်လုံးကို ပြည်သူ့လွှတ်တော်သို့ လွှဲပြောင်းလှူဒါန်း သည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

07/12/2017

ဂျပန်နိုင်ငံ Trust Fund for Restoration and Maintenance of the Peace Bell မှ လှူဒါန်းသည့် ကုလသမဂ္ဂငြိမ်းချမ်းရေး ခေါင်းလောင်းပုံစံငယ်တစ်လုံးကို ပြည်သူ့လွှတ်တော်သို့ လွှဲပြောင်းလှူဒါန်း သည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆေ

Pages