Law Database | Mail | English Version

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီးလီအား တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်  ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီနှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်(I-1) ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ၊ ကလေး သူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတို့နှင့် သက်ဆိုင်သည့် ဥပဒေ ဆိုင်ရာကိစ္စရပ်များ၊ ကော်မရှင်ကဆောင်ရွက်နေသည့် တည်ဆဲဥပဒေများကို လေ့လာဆန်းစစ် သုံးသပ် အကြံပြုခြင်းနှင့် ရေးဆွဲပြဋ္ဌာန်းရန်လိုအပ်သော ဥပဒေများအတွက် ဥပဒေကြမ်းများပေါ်ပေါက်ရေး ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် Law Reform ၏ အရေးပါမှု ကဏ္ဍတို့နှင့် စပ်လျဉ်း၍ အမြင်ခြင်းဖလှယ်ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးကိုကိုနိုင်၊ ဦးစံရွှေအောင်၊ ဦးမြသိန်း၊ ဦးမြင့်နိုင်၊ ဒေါ်သန်းသန်းရီနှင့် ကော်မရှင်အတွင်းရေးမှူး ဦးခင်မောင်ထွန်း တို့ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်

 

 

News

21/08/2017

   ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းသည် ကချင်နိုင်ငံရေး ပါတီများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီမှ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) အစည်းအဝေး

18/08/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E.

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

21/08/2017

   ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းသည် ကချင်နိုင်ငံရေး ပါတီများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီမှ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အ

18/08/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E.

18/08/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr.

Pages