Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌတို့နှင့်မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံသံအမတ်ကြီးအား တွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဦးဇော်သိန်း၊တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌဦးခွန်မောင်သောင်းတို့သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အီဂျစ်နိုင်ငံသံအမတ်ကြီး H.E.Mr. Khaled Mohamed Abdelrahman Abdelsalam အား ယနေ့ မွန်းလွဲ (၁၃း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ အတွင်းရေးမှူး ဦးဘိုဘိုဦး၊အဖွဲ့ဝင်ဦးမျိုးဇော်အောင်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် အီဂျစ်-မြန်မာ နှစ်နိုင်ငံ၏ရှည်လျားပြီး ရင်းနှီးသော သံတမန်ဆက်ဆံရေး၊ အရှေ့အလယ်ပိုင်းနိုင်ငံရေးတွင် အရေးပါသော အီဂျစ်နိုင်ငံ၏ အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ၏ဒီမိုကရေစီ ပြောင်းလဲရေးဖြစ်စဉ်၌ တိုင်းရင်းသားလူမျိုးတို့၏ အရေးပါမှု၊ အီဂျစ်နိုင်ငံ၏မတူကွဲပြားသော ဘာသာဝင်များ၏ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်မှု၊ မြန်မာနှင့်အီဂျစ်ပါလီမန်များ ဆက်ဆံရေးနှင့် ချစ်ကြည်ရေး ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်

News

19/01/2017

 ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Hong Liang ဦးဆောင်သော ကိုယ်စား လှယ်တော်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံ

19/01/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်  ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီနှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်(I-1) ဧည့်ခန

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

19/01/2017

 ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Hong Liang ဦးဆောင်သော ကိုယ်စား လှယ်တော်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌရ

19/01/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်  ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီနှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ရေ

11/01/2017

 ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.Tone Tinnes အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ရေးရာ

Pages