Law Database | Mail | English Version

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ၂၀၁၇ ခုနှစ်၊ နှစ်သစ်ကူးမင်္ဂလာ နှုတ်ခွန်းဆက်လွှာ

ချစ်ခင်လေးစားရပါသော တိုင်းရင်းသားပြည်သူများအားလုံး ၂၀၁၇ ခုနှစ်၊ နှစ်သစ်မင်္ဂလာအခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဦးစွာ မေတ္တာပို့သအပ်ပါတယ်။

ယနေ့အချိန်အခါသည်  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော အချိန်ကာလဖြစ်၍ မိမိတို့မျှော်မှန်းသည့် ဒီမိုကရေစီပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိရန် တိုင်းရင်းသား ပြည်သူများအားလုံးကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အထူးလိုအပ်ပါတယ်။ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးတို့အတွက် တိုင်းရင်းသား ပြည်သူများအားလုံးက စည်းလုံးညီညွတ်စွာ တက်ညီလက်ညီ အတူလက်တွဲ၍ ဆောင်ရွက်ကြရမည့် အချိန်အခါလည်းဖြစ်ပါတယ်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု  ဆက်လက်ရှင်သန်ခိုင်မြဲဖို့၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့အတွက် မပြတ်သောသတိ၊ မလျှော့သောလုံ့လ၊ ဝီရိယနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားထုတ်နိုင်ကြ ပါစေ ၊ နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားတို့ရဲ့ အကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေ၊ ပြည်ထောင်စုကြီးနှင့် အနာဂတ်မျိုးဆက်များအတွက် မိမိတို့က ဘယ်ပုံဘယ်နည်းနှင့် ဆောင်ရွက်ပေးနိုင်ကြမလဲဆိုသည့် စိတ်သစ်လူသစ်ကို နှစ်သစ်မင်္ဂလာအခါသမယမှာ  မွေးမြူနိုင်ကြပါစေလို့ ဆန္ဒပြုနှုတ်ခွန်းဆက်သလိုက်ပါတယ်။

ရုပ်သံမှတ်တမ်း

၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်

 

News

23/03/2017

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား ၂၀၁၇ ခုနှစ် မတ်လ ၂၂ ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

22/03/2017

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် Democratic Control of Armed Forces (DCAF) ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ အကြီးအကဲ Dr.

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

23/03/2017

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား ၂၀၁၇ ခုနှစ် မတ်လ ၂၂ ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း

22/03/2017

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် Democratic Control of Armed Forces (DCAF) ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ အကြီးအကဲ Dr.

Pages