Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင် University of Miyazaki မှ Prof. Mitsuhiro YOKOTA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် University of Miyazaki မှ Prof. Mitsuhiro YOKOTA (Dean Of Faculty of Engineering UOM) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် ပြည်သူ့လွှတ်တော် ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာ နှစ်နိုင်ငံနှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမည့် ပညာရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။      

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ  ၃၀ ရက်

News

22/02/2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ အစီအစဉ်အား (၂၃-၂-၂၀၁၇) (ကြာသပတေးနေ့) နံနက် (၁၀)နာရီ အစား (၂၃-၂-၂၀၁၇) (ကြာသပတေးနေ့) နံနက် (၁၀း၃၀) နာရီတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပါကြောင်း အသိပေး ပန်ကြားအပ်ပါသည်။

22/02/2017

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် (၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်) ပါရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၇ ကိုထုတ်ပြန်လိုက်သည်။

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် (၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်) ပါရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၇ ကိုထုတ်ပြန်လိုက်သည်။

Pages