Law Database | Mail | English Version

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် MMGG & GSJ တို့မှ ကင်းထောက် အမျိုးသမီးခေါင်းဆောင်များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်  ၂၀၁၆ ခုနှစ် 4th International  Camp ကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်နေသော  Gold Camp အား တက်ရောက်လာသည့် MMGG & GSJ တို့မှ မြန်မာကင်းထောက် အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည် ဦးဆောင်သော အဖွဲ့နှင့် ဂျပန်ကင်းထောက် အမျိုးသမီး အဖွဲ့မှ Ms. Chikako Fujishiro ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ ပြန်လည်ဖွဲ့စည်းခဲ့သည့် အခြေအနေများနှင့် ဂျပန် - မြန်မာ ကင်းထောက် လူငယ်များအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက် သွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာကင်းထောက်အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည် ဦးဆောင်သောအဖွဲ့နှင့် ဂျပန်ကင်းထောက်အမျိုးသမီးအဖွဲ့မှ Ms. Chikako Fujishiro ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့မှ  မြန်မာကင်းထောက် အမျိုးသမီး ကျောင်းသူ (၇၂) ဦးနှင့် အုပ်ချုပ်သူ (၂၄) ဦး၊ ဂျပန်ကင်းထောက် အမျိုးသမီးကျောင်းသူ (၃၂) ဦးနှင့် အုပ်ချုပ်သူ (၉) ဦး စုစုပေါင်း (၁၃၇) ဦး တို့သည် လွှတ်တော်အဆောက်အအုံများအား ကြည့်ရှုလေ့လာခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်

News

11/01/2017

 ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.Tone Tinnes အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ရေးရာအဆောင်အမှတ် (I-11) ဧ

10/01/2017

ပြည်သူ့လွှတ်တော် နှင့်အမျိုးသားလွှတ်တော်တို့မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms.Tone Tinnes တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံပြည်သူ့ လွှတ်တော်ရေးရာဆောင် အမှတ် (I-7) အစည်း

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

11/01/2017

 ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.Tone Tinnes အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ရေးရာ

10/01/2017

ပြည်သူ့လွှတ်တော် နှင့်အမျိုးသားလွှတ်တော်တို့မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms.Tone Tinnes တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံပြည်သူ့ လွှတ်တော်ရေးရာဆော

09/01/2017

          ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်

Pages