Law Database | Mail | English Version

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း JICA (Japan International Corporation Agency) မှ Legal Advisor Mr. Kenta KOMATSU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း သည် JICA (Japan International Corporation Agency) မှ Legal Advisor Mr. Kenta KOMATSU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရ်ီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင်အမှတ် (I-4) အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဥပဒေအကြံပေးပုဂ္ဂိုလ်များဖြစ်ကြသော Mr. Kenta KOMATSU နှင့် အဖွဲ့သည် တရားမ နစ်နာမှုဥပဒေ (Tort) နှင့် (State Liability) တာဝန်ရှိသူ၏ မှားယွင်းသော ဆောင်ရွက်မှုကြောင့် နစ်နာသူအား ကုစားပေးရေး ဥပဒေတို့နှင့်စပ်လျဉ်း၍ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီမှ တာဝန်ရှိသူများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးအောင်တင်လင်း၊ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်စိန် နှင့် ဦးစန်းလွင် တို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်

News

23/03/2017

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား ၂၀၁၇ ခုနှစ် မတ်လ ၂၂ ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

22/03/2017

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် Democratic Control of Armed Forces (DCAF) ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ အကြီးအကဲ Dr.

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

23/03/2017

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား ၂၀၁၇ ခုနှစ် မတ်လ ၂၂ ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း

22/03/2017

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် Democratic Control of Armed Forces (DCAF) ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ အကြီးအကဲ Dr.

Pages