Law Database | Mail | English Version

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် ( ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင် မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်၊ ပြည်သူ့ လွှတ်တော်ရုံး၊ ရေးရာဆောင်အမှတ်-၁၂ (I-12) သို့  ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် (တနင်္လာနေ့) ထက်မစော၊ နိုဝင်ဘာလ ၁၅ ရက် (အင်္ဂါနေ့) ထက် နောက်မကျစေဘဲ သတင်း ပို့ကြရန် ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ  ၂၅ ရက်

News

22/02/2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ အစီအစဉ်အား (၂၃-၂-၂၀၁၇) (ကြာသပတေးနေ့) နံနက် (၁၀)နာရီ အစား (၂၃-၂-၂၀၁၇) (ကြာသပတေးနေ့) နံနက် (၁၀း၃၀) နာရီတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပါကြောင်း အသိပေး ပန်ကြားအပ်ပါသည်။

22/02/2017

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် (၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်) ပါရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၇ ကိုထုတ်ပြန်လိုက်သည်။

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် (၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်) ပါရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၇ ကိုထုတ်ပြန်လိုက်သည်။

Pages