Law Database | Mail | English Version

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၇)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-   

 ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေးဟာ ဒီနေ့ ပြီးဆုံးမှာ ဖြစ်ပါ တယ်။  ဒီအစည်းအဝေးကို (၂၅-၇-၂၀၁၆)ရက်နေ့က စတင်ကျင်းပခဲ့တာ ဒီနေ့ဆိုရင် (၄၇) ရက်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကာလအတွင်းမှာ ကြယ်ပွင့်ပြမေး ခွန်း(၂၂၅) ခု မေးမြန်း ဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း (၄၀၇)ခု မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဆိုများအနေနဲ့ အရေးကြီးအဆို(၂)ခု အပါအဝင် အဆိုစုစုပေါင်း(၁၆)ခု တင်သွင်း ဆောင်ရွက် နိုင်ခဲ့ပြီး အတည်ပြုအဆို(၄)ခု၊ မှတ်တမ်းတင်အဆို(၉)ခု၊ အတည်မပြုအဆို (၂)ခုနဲ့ ဆွေးနွေးရန် မသင့် အဆို(၁)ခုတို့ ဖြစ်ကြပါတယ်။ ဥပဒေကြမ်းများ အနေနဲ့ ပြည်သူ့လွှတ်တော်မှာ စတင် ဆွေးနွေးခဲ့တဲ့ ဥပဒေကြမ်း (၅)ခု အပါအဝင် ဆောင်ရွက်ဆဲ ဥပဒေကြမ်း (၁၉)ခုရှိပြီး အတည်ပြု ဆောင်ရွက်နိုင်ခဲ့တဲ့ ဥပဒေကြမ်း (၁၀)ခု ဖြစ်ပါတယ်။ ဆက်လက် ဆွေးနွေးရန် အတွက် ဥပဒေ ကြမ်း (၉)ခု ကျန်ရှိပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်စတင်ခဲ့တဲ့ (၁-၂-၂၀၁၆) ရက်နေ့မှ ယနေ့ကာလအထိ လွှတ်တော်ကော်မတီအသီးသီးရဲ့ လှုပ်ရှားဆောင်ရွက်ခဲ့မှုများကိုလည်း ရှင်းလင်းတင်ပြလိုပါ တယ်။ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားရှိတဲ့ ကော်မတီ (၁၉) ခုရဲ့ အလုပ်ရုံ ဆွေးနွေးပွဲများ၊ Seminar များနဲ့ ပတ်သက်ပြီး လွှတ်တော်တွင်း တွေ့ဆုံ ဆွေးနွေးခဲ့မှုအနေနဲ့ ပြည်တွင်း ဧည့်သည် ဦးရေ (၂၇၄၀) ဦး၊ ပြည်ပ ဧည်သည်ဦးရေ (၃၂၇)ဦးတို့ဖြင့် တွေ့ဆုံမှုပေါင်း (၁၂၅) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လွှတ်တော်ပြင်ပ တွေ့ဆုံဆွေးနွေးနိုင်ခဲ့မှုအနေနဲ့ ပြည်တွင်း ဧည့်သည် ဦးရေ (၁၈၀၇၁)ဦး၊ ပြည်ပ ဧည့်သည်ဦးရေ (၁၈၂၈)ဦးတို့ဖြင့် တွေ့ဆုံမှုပေါင်း (၂၀၂) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လေ့လာရေးခရီးအပါအဝင် ပြည်ပသို့သွားရောက် တွေ့ဆုံ ဆွေးနွေးနိုင်မှု အနေနဲ့ (၂၀)ကြိမ်ရှိခဲ့ပြီး  လွှတ်တော်ကိုယ်စားလှယ် (၅၄)ဦးနဲ့ ပြည်ပဧည့်သည် (၉၁၆)ဦးတို့ တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

အစည်းအဝေးရပ်နားထားစဉ်ကာလအတွင်းမှာ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေတွေကို ပြန်လည် ရောက်ရှိတဲ့အခါမှာ ဒီမိုကရေစီ ကျင့်စဉ်များနဲ့အညီ လုပ်ကိုင် ဆောင်ရွက်ကြပါ။  ကိုယ်စားလှယ်များရဲ့ တာဝန်က ဘာတွေလဲ၊ မိမိတို့ ဥပဒေပြုရေး မဏ္ဍိုင်ရဲ့ အခန်းကဏ္ဍက ဘာတွေလဲ ဆိုတာကို ခြေခြေမြစ်မြစ် သိရှိနေကြဖို့ လိုပါတယ်။ “ ဥပဒေပြုသူသည် ဥပဒေ ချိုးဖောက်သူ မဖြစ်စေရ” ဆိုတဲ့ ဆိုရိုးစကားနှင့်အညီ တည်ဆဲ ဥပဒေ များကို အထူး လေးစားလိုက်နာကြဖို့ လိုပါတယ်။ မိမိတို့ ဥပဒေပြုရေး မဏ္ဍိုင်အနေနဲ့ (Check and Balance) ပြုလုပ်တဲ့နေရာမှာ ကန့်သတ်ချက်ဘောင်များကို ကျော်လွန်ပြီး အုပ်ချုပ်ရေးကဏ္ဍတွေ၊ တရားစီရင်ရေးကဏ္ဍတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းတွေ မဖြစ်ရအောင် သတိပြု ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ (၃)ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေး အာဏာနဲ့ တရားစီရင်ရေး အာဏာများကို ခွဲဝေပိုင်းခြား ကျင့်သုံးခြင်းဘဲ ဖြစ်ပါတယ်။ ဒီလို ခွဲဝေပိုင်းခြား ကျင့်သုံးခြင်းဖြင့် အာဏာ အလွဲသုံးစားလုပ်ခြင်းကို ကာကွယ်ပြီး ဒီမိုကရေစီ ယဉ်ကျေးမှု (Democratic Culture) ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

နိုင်ငံတော်အခြေခံမူများမှာ “ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” ဟု ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော် အချုပ်အခြာ အာဏာရဲ့ မူလပိုင်ရှင်များဖြစ်တဲ့ မဲဆန္ဒရှင် ပြည်သူလူထုရဲ့ အကျိုး စီးပွားနဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ဖို့ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များမှာ အဓိက တာဝန်ရှိပါတယ်။ မိမိတို့ မဲဆန္ဒနယ်မြေက ပြည်သူလူထုရဲ့ အသံကို အမြဲနားစွင့်နေကြဖို့ မှာကြားလိုပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒသဘောထားတွေက ဘာလဲ၊ မိမိ တို့ကရော ပြည်သူ လူထုကို ဘယ်လို ဖြည့်ဆည်းပေးရမလဲ စသည်ဖြင့် လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ တာဝန်၊ ဝတ္တရားတွေကို အပြည့်အဝ ထမ်းဆောင်ကြဖို့နဲ့ ပြည်သူကို ကိုယ်စားပြု တဲ့ ကိုယ်စားလှယ်များ ဖြစ်ကြောင်း သက်သေပြကြဖို့ အလေးအနက် မှာကြားလိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ လွှတ်တော်ကိုယ်စားလှယ် များအနေနဲ့ မဲဆန္ဒရှင် ပြည်သူလူထုထံ ပြန်လည်ရောက်ရှိတဲ့အခါမှာ ပြည်သူ့အသံနဲ့ ပြည်သူတွေရဲ့ တင်ပြချက်တွေကို အလေးထား မှတ်သား နားထောင်ကြပါ။ ပြည်သူနဲ့ တစ်သားတည်း နေထိုင်ဆောင်ရွက်ကြပါ။  လွှတ်တော် အတွေ့အကြုံ ရှင်းလင်းခြင်းများကို ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက် ကြပါ။  ပြည်ထောင်စု၏ ထောက်ပံ့ငွေ သိန်း တစ်ထောင်ဖြင့် မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြီးစီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြပါ။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရာတွင်လည်း ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် ပါဝင်ပူးပေါင်းဆောင်ရွက်ကြပါ။ မိမိတို့ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်းမှာ ပြည်သူ့ အကျိုးကို ဆထက်ထမ်းပိုး သယ်ပိုးကြပါ။ ဆက်လက် ကျင်းပမယ့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် တတိယပုံမှန် အစည်းအဝေး မှာလည်း ကျန်းမာရွှင်လန်းစွာဖြင့် ပြန်လည်ဆုံတွေ့ ကြပါစို့ လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်

News

16/10/2017

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်သည် သဘာဝအတွက်ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (WWF) အား ယနေ့ နံနက် ၈း၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

15/10/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ် ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကမ္ဘာ့ကုလသမဂ္ဂ၏ နိုင်ငံရေးဌာနဆိုင်ရာဒုတိယအတွင်းရေးမှူးချုပ် Mr Jeffery Feltmanဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားယနေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ် အချိန်တွင် နေပြည်တော်ရှိလ

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

16/10/2017

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်သည် သဘာဝအတွက်ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (WWF) အား ယနေ့ နံနက် ၈း၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

15/10/2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ် ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကမ္ဘာ့ကုလသမဂ္ဂ၏ နိုင်ငံရေးဌာနဆိုင်ရာဒုတိယအတွင်းရေးမှူးချုပ် Mr Jeffery Feltmanဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားယနေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ် အချိန

13/10/2017

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌သည် မြန်မာနိုင်ငံကြက်‌ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်မြသူဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားယနေ့ မွန်းလွဲ၁နာရီတွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်င

Pages