Law Database | Mail | English Version

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ Minister of State ဖြစ်သူ Mr.Roderick James Nugent Stewart ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ Minister of State ဖြစ်သူ Mr.Roderick James Nugent Stewart ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ နံနက် (၈း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ လွှတ်တော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာလွှတ်တော်များ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ဗြိတိန်နိုင်ငံနှင့် ဗြိတိန်လွှတ်တော် တို့မှ ကူညီထောက်ပံ့မှု အစီစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်အတူ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော်မှ အမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်း နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခွန်ဝင်းသောင်း၊ ပြည်ထောင်စုလွှတ်တော်ရုံး အမြဲတမ်းအတွင်းဝန်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်

News

19/01/2018

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long အား ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

19/01/2018

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် Jardine Matheson Holdings Limited ၏ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Hon.

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

19/01/2018

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် Jardine Matheson Holdings Limited ၏ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Hon.

17/01/2018

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms.

Pages