Law Database | Mail | English Version

ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း World Bank and Asia Development Bank ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း သည် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-10) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပတ်ဝန်းကျင်နှင့် လူမှုစီမံခန့်ခွဲမှုဆိုင်ရာ ပညာဗဟုသုတများ ဖြန့်ဝေရန် ဦးစားပေး အခြေပြုသင့်သည့် တက္ကသိုလ်၊ အဖွဲ့အစည်းများ တည်ထောင်ရေး၊ လက်ရှိဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင်၊ လူမှုပြဿနာများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အမျိုးသားဥယျာဉ်များ တည်ထောင်ရာတွင် ဒေသခံတို့ ကြုံတွေ့နေရသည့် လူနေမှုဘဝ ပြဿနာများနှင့် ဥပဒေရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်

News

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

22/11/2017

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ မြန်မာလွှတ်တော်သို့ ကူညီထောက်ပံ့ပေးရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ လွှတ်တော်အရည်အသွေးမြှင့်တင်ရေး အကျိုးရလဒ် သုံးသပ်ရေးအဖွဲ့ အစည်းအဝေး (Output Board Meeting) ကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်ရှိ လွှတ်တော်သင်ကြားရေးဌာန၌ ယေ

Pages