Law Database | Mail | English Version

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးမှဒုတိယသံရုံးအကြီး အကဲ/သံမှူးကြီး Mr. KOH CHEE CHIAN အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် သည် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးမှ ဒုတိယသံရုံးအကြီးအကဲ/သံမှူးကြီးဖြစ်သူ Mr. KOH CHEE CHIAN အား ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ရေးရာဆောင်အမှတ်(I-2) ဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် စင်္ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ လွှတ်တော်များရှိ လွှတ်တော်ကိုယ်စား လှယ်များအချင်းချင်း လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။   

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီ အတွင်းရေးမှူး ဦးစတီဖန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိပုဂ္ဂိုများလည်း တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ မတ်လ ၂၅ ရက်

News

22/11/2017

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ မြန်မာလွှတ်တော်သို့ ကူညီထောက်ပံ့ပေးရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ လွှတ်တော်အရည်အသွေးမြှင့်တင်ရေး အကျိုးရလဒ် သုံးသပ်ရေးအဖွဲ့ အစည်းအဝေး (Output Board Meeting) ကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်ရှိ လွှတ်တော်သင်ကြားရေးဌာန၌ ယနေ့ နေ့လည် ၁၄း၀၀ နာရီ

22/11/2017

          ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန(၂၃)ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆေ

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

22/11/2017

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ မြန်မာလွှတ်တော်သို့ ကူညီထောက်ပံ့ပေးရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ လွှတ်တော်အရည်အသွေးမြှင့်တင်ရေး အကျိုးရလဒ် သုံးသပ်ရေးအဖွဲ့ အစည်းအဝေး (Output Board Meeting) ကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်ရှိ လွှတ်တော်သင်ကြားရေးဌာန၌ ယေ

22/11/2017

          ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန(၂၃)ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော

Pages