Law Database | Mail | English Version

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ဗြိတိန်နိုင်ငံ အခြေစိုက် Westminister Foundation For Democracy (WFD) မှ ဦးဆောင်ညွှန်ကြားရေးမှူး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် ဗြိတိန်နိုင်ငံအခြေစိုက်  Westminister Foundation For Democracy (WFD) မှ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူMr. Devin O’ Shaun ghneesy ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ရေးရာဆောင် အမှတ် (၁) အစည်းအဝေး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် Westminister Foundation For Democracy (WFD) ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှေးဦင်္းစွာရှင်းလင်းပြောကြားပြီး WFD မှ မြန်မာလွှတ်တော်များ၏ အရည်အသွေးမြှင့်တင်မှုဆိုင်ရာ သင်တန်းများနှင့်ပတ်သက်၍  ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်၊  ပြည်သူ့လွှတ်တော် ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်

 

 

News

22/11/2017

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ မြန်မာလွှတ်တော်သို့ ကူညီထောက်ပံ့ပေးရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ လွှတ်တော်အရည်အသွေးမြှင့်တင်ရေး အကျိုးရလဒ် သုံးသပ်ရေးအဖွဲ့ အစည်းအဝေး (Output Board Meeting) ကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်ရှိ လွှတ်တော်သင်ကြားရေးဌာန၌ ယနေ့ နေ့လည် ၁၄း၀၀ နာရီ

22/11/2017

          ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန(၂၃)ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆေ

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

22/11/2017

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ မြန်မာလွှတ်တော်သို့ ကူညီထောက်ပံ့ပေးရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ လွှတ်တော်အရည်အသွေးမြှင့်တင်ရေး အကျိုးရလဒ် သုံးသပ်ရေးအဖွဲ့ အစည်းအဝေး (Output Board Meeting) ကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်ရှိ လွှတ်တော်သင်ကြားရေးဌာန၌ ယေ

22/11/2017

          ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန(၂၃)ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော

Pages