Law Database | Mail | English Version

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် လွှတ်တော်အခွင့်အရေးကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံအမှာစကား‌ပြောကြား

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ (၁း၃၀)နာရီတွင်ကျင်းပခဲ့သော ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတုတ္ထနေ့ အစီအစဉ်တွင် အတည်ပြုဖွဲ့စည်းခဲ့သော လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌအနေဖြင့် ၄င်းကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၏ ရုံးခန်း၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီကို ယနေ့တွင် ဖွဲ့စည်းပြီးဖြစ်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များကို လွှတ်တော်အခွင့်အရေးကော်မတီက ဆက်လက်ဆောင်ရွက် သွားရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ အသိပေး‌ပြောကြားခဲ့ပြီး ဖြစ်ပါသဖြင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ကြိုးစားဆောင်ရွက်ကြရန်နှင့် ကော်မတီဝင် အချင်းချင်း ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ၀ါဒစွဲ မထားရှိဘဲ အားလုံးညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်အတူ ကော်မတီအတွင်းရေးမှူး ဒေါက်တာလှမိုးနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးတင်ထွန်းနိုင်၊ ဦးပိုက်ကို၊ ဦးလင်းလင်းဦး၊ ဦးစိန်ဗိုလ်၊ ဒေါ်နန်းထွေးသူ၊ ဦးခင်မောင်သိန်း၊ ဦးအောင်စိုး၊ ဒေါက်တာမြင့်သိန်း၊ ဦးခင်မောင်သီ၊ ဦးစိုင်းစန်သိန်း၊ ဦးခွန်မောင်သောင်း၊ ဦးဦးထွန်းမောင်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်တောက်ထွန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်

News

27/04/2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ မေလ ၁၈ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေး

17/04/2017

    ၁၃၇၉ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ( C ) ဆောင်ရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

27/04/2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ မေလ ၁၈ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စ

17/04/2017

    ၁၃၇၉ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ( C ) ဆောင်ရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

17/04/2017

     ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသော သုခနဲ့ ပြည့်စုံ ကြပါစေလို့ ဦးစွာမေတ္တာပို့သ အပ်ပါတယ်။

Pages