Law Database | Mail | English Version

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား

ဥက္ကဋ္ဌ။           ။ ရှင်းလင်းပြောကြားပေးတဲ့ ဝန်ကြီးကို ကျေးဇူးတင်ပါတယ်။ အခွန်ဘဏ္ဍာရှိမှပဲ မ‌နေ့က တင်ပြကြတဲ့ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ တင်ပြခဲ့ကြတဲ့ ပင်စင်လစာများတိုးပေးရေး၊ ဝန်ထမ်းလစာ၊ လုပ်အားခများ တိုးပေးရေးစသည့်လိုအပ်ချက်များကို ဖြည့်တင်းပေး နိုင်မှာဖြစ်ပါတယ်။ မနက်က နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီးရှင်းလင်းတဲ့ နေရာမှာ ဝန်ကြီးဌာနအနေနဲ့နယ်စပ်ဒေသများ တိုးတက်ဖွံ့ဖြိုးဖို့အတွက် ကျွန်တော်မှတ်လိုက်တာ ကတော့ ဘီလီယံပေါင်း ၃၄၄ ဘီလီယံ သုံးစွဲခဲ့ကြောင်း မှတ်လိုက်ရပါတယ်။ နိုင်ငံတော်ကြီးနဲ့ ကြည့်မယ်ဆိုရင်တော့ တော်တော်များပါတယ်။ တော်တော့်ကို များပါတယ်။ နိုင်ငံတော်အနေနဲ့ ဘာနဲ့နှိုင်းယှဉ်မလဲဆိုရင် ခုနက ဝန်ကြီးရှင်းပြတဲ့ GDP က ၁၀၀ ဆိုလို့ရှိရင် အခွန်ကောက်လို့ရတာက ၃.၂ ရာခိုင်နှုန်းပဲရှိတယ်။ အဲဒီထဲကမှ ခုနက ဒီလောက်သုံးလိုက်ရ တယ်ဆိုတာ တော်တော်များတယ်။ တော်တော် များတယ်။ သို့ရာတွင် ပြည်နယ်အလိုက် ၊ဒေသအလိုက် ခွဲယူလိုက်တဲ့အခါကြတော့လည်း ရတဲ့လူတွေအတွက် နည်းတယ်လို့ ထင်နိုင်စရာအကြောင်းရှိပါတယ်။ ဒါဖြစ်ရင် ကျွန်တော်တို့က များများပေးနိုင်အောင်၊ များများကူညီနိုင်အောင် စောင့်ရှောက်နိုင်အောင် ဆိုလို့ရှိရင်တော့ နိုင်ငံတော်က ရသင့်တဲ့ အခွန်အခများကို စနစ်တကျ မှန်မှန်ကန်ကန်ဆောင်ရွက် မှသာ ဖြစ်မယ်ဆိုတဲ့ အွဖေပေါ်ပါတယ်။ ဒါကြောင့်လည်း ခုနက ဝန်ကြီးရှင်းလင်းတင်ပြတဲ့အတွက် တကယ်တမ်း ကျွန်တော်တို့တတွေ တချို့သိတယ်ဆိုသော်လည်း သိမှုက လွဲချင်လွဲနိုင်ပါတယ်။ တချို့သိချင်မှလည်း သိအုံးမှာပါ။ အခုလို ရှင်းလင်းပြလိုက်တဲ့အတွက် သိသွားတယ်၊ တချို့ မရှင်းမလင်းဖြစ်တာလည်း ရှင်းလင်းသွားတယ်။ အရေးကြီးပါတယ်။ ကျွန်တော်တို့ ဒါမြို့နယ်အသီးသီးရဲ့ ပြည်သူ့ကိုယ်စားလှယ် များ ဖြစ်တဲ့အတွက် မြို့နယ်အသီးသီးမှာ မိမိတို့ ပြန်သွားတဲ့အခါကြတော့လည်း ယုံကြည်စွာ အပ်နှံလိုက်တဲ့ ကိုယ်စားလှယ်တွေလည်း ကတိပေးခဲ့တာတွေရှိလိမ့်မယ်။ ပြောခဲ့တာတွေရှိလိမ့်မယ်။ ဟိုရောက်လို့ရှိရင်လည်း တင်ပြမယ်၊ အခွင့်အရေးတွေ တောင်းခံမယ်။ ဒီရောက်တဲ့အခါမှာလည်း ကတိပေးခဲ့တာတွေရှိလိမ့်မယ်။ နောက်ဟိုရောက်လို့ရှိရင်လည်း တင်ပြမယ်။ အခွင့်အရေး တောင်းခဲ့မယ်။ ဒီရောက်တဲ့အခါမှာလည်း တင်ပြပါတယ်။ အခွင့်အရေးတောင်းပါတယ်။ ဒါပေမယ့် တောင်းတိုင်းလည်း အားလုံးမရနိုင်ဘူးလေ။ ပေးချင်တဲ့ စေတနာရှိပေမယ့်လို့ ပေးနိုင်တဲ့ပစ္စည်း၊ ငွေမရှိဘူးဆိုရင်လည်း မရနိုင်ဘူး။ အဲဒီအခါမှာ မိမိတို့က ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာလည်း ပြည်သူများကို ပြန်ပြီးတော့ ရှင်းပြလို့ရနိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။ ဒီတော့ခုနနဲ့ ဆက်စပ်ပြီးတော့ နိုင်ငံတော်က ၃၄၄ ဘီလီယံဆိုတာ အများကြီးပဲ။ ဒါပေမယ့်လို့ ပြည်နယ်အလိုက်၊ ဒေသအလိုက်ခွဲတဲ့အခါမှာ နည်းနည်းလေးပဲ၊ ပြည့်စုံမှာလည်း မဟုတ်သေးဘူး။ ဒီ့ပြင်ဟာ မပြောပါနဲ့။ ကျွန်တော်တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ကျွန်တော်တို့အမြင်ပေါ့လေ။ အင်မတန်မှ တိုးတက်ထွန်းကားတဲ့နိုင်ငံ၊ စီးပွားရေးလည်း အင်မတန်ကောင်းတယ်။ ဒီနေ့ဆိုလို့ရှိရင် ကမ္ဘာ့အရန် ငွေကြေးမှာ ဂျပန်ကိုကျော်လွန်ပြီးတော့ ဒုတိယနေရာကို လိုက်သွားပြီ။ ဒါကြောင့်မို့လို့ ဖွံ့ဖြိုးတဲ့နိုင်ငံလို့ ကျွန်တော်က ဒီလိုသတ်မှတ်ပြီးတော့ သူတို့နိုင်ငံတာဝန်ရှိတဲ့ ခေါင်းဆောင်များနဲ့ တွေ့ပြီးတော့ ပြောတော့မဟုတ်ပါဘူးတဲ့ သူတို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံမဟုတ်ပါဘူး။ သူတို့နိုင်ငံမှာဖွံ့ဖြိုး တိုးတက်အောင် လုပ်ပေးဖို့နေရာတွေ အများကြီးကျန်ပါသေးတယ်။ အတွင်းပိုင်း Remote ဧရိယာတွေ အများကြီးကျန်ပါသေးတယ်။ ဖြည့်‌ဆည်းရန် အများကြီးကျန်တဲ့အတွက် ကျွန်တော်တို့ ခုနက အထင်ကြီးထားတဲ့ တရုတ်နိုင်ငံသည်ပင် ဒီလိုအခြေအနေမှာ ရှိနေတယ်။ ကျွန်တော်တို့ နိုင်ငံတွေကြတော့ ခုနကပြောတဲ့ အခြေအနေရှိတဲ့အတွက် နိုင်ငံတော်ဘက်ကရော၊ ပြည်ထောင်စု ဘက်ကရော စေတနာတွေရှိတယ်။ သို့ရာတွင် စေတနာတွေ အကောင်အထည် ဖော်မယ်ဆိုလို့ရှိရင်တော့ အကောင်အထည်ဖော်နိုင်မဲ့ ငွေကြေး၊ ဘဏ္ဍာဆိုတာ လိုပါတယ်။ ဒါကြောင့်မို့လို့ ဘဏ္ဍာငွေကို စနစ်တကျမှန်မှန်ရရှိအောင် ဆောင်ရွက်ရေးဟာလည်း ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်တွေလည်း တာဝန်ရှိပါတယ်။ တာဝန်ရှိတဲ့သူကလည်း မှန်မှန်ကန်ကန် ဖြစ်အောင်လည်း ကြပ်မတ်ထိန်းသိမ်းဖို့ လည်းလိုပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်လာဖို့ဆိုတာလည်း တကယ်တန်းကျတော့ မလွယ်ပါဘူး။ တော်တော်ရင်းနှီး ခဲ့ရပါတယ်။ အချိန်တွေပေးခဲ့ရပါတယ်။ ပြည်သူတွေယုံကြည်အောင် ပြည်သူတွေဆီမှာ ထိတွေ့ပြီးတဲ့ အခါမှာပဲ ဒီမဲဆန္ဒနယ်မှာတော့ ကျွန်တော် ရွေးမယ်။ ကျွန်မရွေးမယ်။ ကျွန်မကို ထောက်ခံပါ ဆိုတဲ့ဟာကို နှုတ်နဲ့ သို့မဟုတ် အခြားနည်းနဲ့ ပြောဆိုတဲ့အခါမှာ ပြည်သူတွေ ယုံကြည်ပြီးတော့  ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်လာရတဲ့သူများ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်ဒီမှာ နောက်ဆုံး အကြံပြုတိုက်တွန်းတင်ပြချင်တာက မိမိတို့ ပေးခဲ့တဲ့ ကတိကဝတ်တွေ ရှိကောင်းရှိပါမယ်။  အဲဒီကတိကဝတ်တွေကိုလည်း မိမိတို့က တတ်နိုင်သမျှ ဆောင်ရွက်ပေးဖို့နဲ့ ပြည်သူများရဲ့ ယုံကြည်အားထားမှုရှိအောင်လည်း ဆက်လက်လုပ်ဆောင်သွားဖို့ လိုပါတယ်။ ဒီလိုဆိုရင် ကျွန်တော် တို့တတွေဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဟာ အဓိက တာဝန်ကဘာလဲ။ ကျွန်တော်တို့ ဥပဒေပြုမှုအဓိကတာဝန်ရှိပါတယ်။ ပြီးတဲ့အခါမှာ ဘာအဓိက တာဝန်ရှိသလဲဆိုရင် ဒီဥပဒေပြုဖို့ဆိုတဲ့ အခါမှာ ဒီနေ့နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေကို မိမိတို့လွှတ်တော်ကိုယ်စားလှယ်များ သိထားဖို့ နားလည်ထားဖို့လိုပါတယ်။ ဥပဒေလိုက်နာပါ၊ ဥပဒေကို လေးစားပါဆိုပြီးတဲ့အခါမှာ ဥပဒေဟာ ဘယ်လိုထုတ်ပြန်ထားမှန်းမသိဘူးဆိုလို့ရှိရင် ပြောတာဟာ ဘာမှအရာရောက်မှာမဟုတ်ပါဘူး။ယုတ်စွအဆုံး ခုနကဒီဘဏ္ဍာရေးဝန်ကြီးရှင်းပြတဲ့အမိန့်ကြော်ငြာစာ ဆိုတာလည်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေပဲ၊ ဒါတွေကအစ ကျွန်တော်တို့တွေသိဖို့ လိုတယ်။ အထူးသဖြင့်တော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သိဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ ဒါနဲ့ ပတ်သက်ပြီးတော့ အချိန်ရှိခိုက်မှာ ပြန်လည်လေ့လာပြီးတဲ့အခါမှာ တကယ်ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ မိမိကိုယ်ကိုလည်း အရည်အသွေးမြှင့်တင်ပါ။ ပြီးတဲ့အခါမှာ ဒါလည်းလေ့လာပါလို့ ကျွန်တော်ဒီအစည်းအဝေးနိဂုံးချုပ်မတိုင်ခင်မှာ  ဒါလေး အကြံပြုတင်ပြချင် ပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၂၃ ရက်

News

11/01/2017

 ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.Tone Tinnes အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ရေးရာအဆောင်အမှတ် (I-11) ဧ

10/01/2017

ပြည်သူ့လွှတ်တော် နှင့်အမျိုးသားလွှတ်တော်တို့မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms.Tone Tinnes တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံပြည်သူ့ လွှတ်တော်ရေးရာဆောင် အမှတ် (I-7) အစည်း

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

11/01/2017

 ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.Tone Tinnes အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ရေးရာ

10/01/2017

ပြည်သူ့လွှတ်တော် နှင့်အမျိုးသားလွှတ်တော်တို့မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms.Tone Tinnes တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံပြည်သူ့ လွှတ်တော်ရေးရာဆော

09/01/2017

          ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်

Pages