Law Database | Mail | English Version

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဝမ်းကျားရွေ့ နှင့် တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် တရုတ်ကွန်မြူနစ် ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဝမ်းကျားရွေ့ နှင့် ဧပြီလ ၂၆ ရက်နေ့ ညနေ ၆ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျောက်ယူထိုင် နိုင်ငံတော်ဧည့်ဂေဟာ (Diaoyutai State Guesthouse) ၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော် နာယက နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ဦးစိုးသာ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော် နှင့် ဦးတီခွန်မြတ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယက နှင့် အဖွဲ့ဝင်များအား ဝန်ကြီး မစ္စတာ ဝမ်းကျားရွေ့ က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၂၈ ရက်

News

19/09/2017

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၊ Padauk (Yadanar Banquet Hall) ၌ ကျင်းပသည့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (JCC) နှင့် U

19/09/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ICRC (International Committee of the Red Cross) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Fabrizzio Carboni အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

19/09/2017

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၊ Padauk (Yadanar Banquet Hall) ၌ ကျင်းပသည့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး

19/09/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ICRC (International Committee of the Red Cross) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.

19/09/2017

       ပြည်သူ့လွှတ်တော်ရုံးမှ ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားသော “အမတ်တွေကျပ်သိန်း ၁၃၀ နဲ့ BMW ကား စီးနိုင်တော့မှာလား” သတင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ လ ၁၉  ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ခဲ့သည်။

Pages