Law Database | Mail | English Version

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့၌ ကြည့်ရှုလေ့လာ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာ လွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ကွမ်ကျိုးမြို့ရှိ ကန်တုံတာဝါ (Canton Tower) သို့ သွားရောက်လေ့လာကြရာ ကန်တုံတာဝါ (Canton Tower) ဒုတိယအထွေထွေမန်နေဂျာ Mr. Wu Hao Zhong နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး လိုက်လံရှင်းလင်း ပြသကြသည်။ ကန်တုံတာဝါသည် အာရှတွင် တတိယအမြင့်ဆုံး တာဝါတစ်ခုဖြစ်ပြီး အထပ်ပေါင်း ၁၁၈ ထပ်ရှိကာ ၆၀၀ မီတာခန့်မြင့်သည်။ ၎င်းတာဝါအား (၅)နှစ်ကြာ တည်ဆောက်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် ကန်တုံတာဝါမှနေ၍ ကွမ်ကျိုးမြို့ရှုခင်းအား ကြည်ရှုခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော် နာယက နှင့် အဖွဲ့ဝင်များသည် ဧပြီလ ၂၆ ရက် နံနက်ပိုင်းတွင် ကွမ်ကျိုး မြို့ LEAFUN HI - TECH COMPANY သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့ကြသည်။

ထို့နောက် ကွမ်ကျိုးမြို့ Yushu Community သို့ ရောက်ရှိကြရာ အုပ်ချုပ်ရေးမှူး Mr. Xie Jie Ying က လိုက်လံရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ကွမ်ကျိုးမြို့ ဖွံ့ဖြိုးတိုးတက်ရေးဇုံသို့ ဆက်လက်ထွက်ခွာခဲ့ရာ ပြခန်းအတွင်းရေးမှူး မစ္စတာ ချန်းကျယ်ဇီနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ပြခန်းအတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

၎င်းနောက် ပြည်ထောင်စုလွှတ်တော်နာယက နှင့် အဖွဲ့ဝင်များသည် ကွမ်ကျိုးမြို့မှ လေကြောင်း ခရီးဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြပြီး လေဆိပ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး  ဦးသစ်လင်းအုန်း၊ မြန်မာ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး မြင့်သိန်း နှင့် သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ခေတ္တတည်းခိုမည့် ပေကျင်းမြို့ ကျောက်ယူထိုင် နိုင်ငံတော်ဧည့်ဂေဟာ (Diaoyutai State Guesthouse) သို့ ရောက်ရှိကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၂၈ ရက်

News

19/09/2017

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၊ Padauk (Yadanar Banquet Hall) ၌ ကျင်းပသည့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (JCC) နှင့် U

19/09/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ICRC (International Committee of the Red Cross) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Fabrizzio Carboni အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

19/09/2017

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၊ Padauk (Yadanar Banquet Hall) ၌ ကျင်းပသည့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး

19/09/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ICRC (International Committee of the Red Cross) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.

19/09/2017

       ပြည်သူ့လွှတ်တော်ရုံးမှ ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားသော “အမတ်တွေကျပ်သိန်း ၁၃၀ နဲ့ BMW ကား စီးနိုင်တော့မှာလား” သတင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ လ ၁၉  ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ခဲ့သည်။

Pages