Law Database | Mail | English Version

နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးဆိုင် ရာကော်မတီ ဥက္ကဋ္ဌ HD Centre မှ မူဝါဒနှင့် စေ့စပ်ညှိနှိုင်းမှု အကူ အညီပေးရေး ဆိုင်ရာ ညွှန်ကြားရေးမှူး နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ကိုယ်စား) နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦးသည် HD Centre မှ မူဝါဒနှင့် စေ့စပ်ညှိနှိုင်းမှု အကူအညီပေးရေးဆိုင်ရာ ညွှန်ကြားရေးမှူး Mrs. Katia Papagianni အား ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက် နေ့လယ် (၁၂၀၀)နာရီ အချိန်တွင် ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ ရေးရာဆောင် အမှတ် (၁)၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံသားများ၏၊ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးနှင့် အတူ အတွင်းရေးမှူး ဦးတင်မောင်ဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးစောထွဋ်ခေါင်လွင်၊ ဦးရဲထွဋ်တင်၊ ဦးအောင်ကျော်ခင်၊ ဦးစောဘသိန်းနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ယင်းသို့တွေ့ဆုံရာတွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြောင်းလဲကျင့်သုံးနေသည့် စနစ်သစ် များကို လိုက်လျောညီထွေမှုဖြစ်လာအောင် မိမိတို့ကော်မတီ အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ပြည်သူများ၏ အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး ဧည့်သည်တော် အဖွဲ့အနေဖြင့် ဝိုင်းဝန်းအကြံပြု အကူအညီပေးချင်သည့် ကိစ္စရပ်များရှိပါကလည်း ပွင့်ပွင့်လင်းလင်း ပြောကြားရန် လိုပါကြောင်းပြောကြားပြီး မြန်မာနိုင်ငံ၏  ဥပဒေပြုရေး၊ လူ့အခွင့်အရေးနှင့် ပတ်သက် သည့် ကိစ္စရပ်များကို ကဏ္ဍတစ်ခုချင်းစီ အလိုက် ရင်နှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။

၂၀၁၅ခုနှစ် ဇန်နဝါရီ   ၃၀ ရက်

ဓာတ်ပုံများ

News

19/01/2018

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long အား ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

19/01/2018

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် Jardine Matheson Holdings Limited ၏ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Hon.

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

19/01/2018

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် Jardine Matheson Holdings Limited ၏ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Hon.

17/01/2018

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms.

Pages