Law Database | Mail | English Version

လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဦးမောင်မောင်ဆွေအားရွှေ မင်းသားဖောင်ဒေးရှင်းမှ ဦးမြတ်သူဝင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေသည် ရွှေမင်းသား ဖောင်ဒေးရှင်းမှ ဦးမြတ်သူဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၂၈ ရက် နံနက် (၉း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ်(၄)၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ရွှေမင်းသားဖောင်ဒေးရှင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာကိုကိုဦးမှ မကြာမီ လွှတ်တော်တွင် တင်ပြဆွေးနွေးရန်ရှိသည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဦးစားပေး ဆွေးနွေးလို သည့် အကြောင်းအရာများကို ညှိနှိုင်းဆွေးနွေးတင်ပြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌမှ  ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပိုမိုကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းအကြံပြု ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့်လည်း ယင်းဥပဒေကြမ်းအပေါ် သက်ဆိုင်ရာ ကော်မတီ၊ ဝန်ကြီး ဌာနများနှင့် ပြန်လည် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားပြီး မသန်စွမ်းသူများ၏ ပညာရေး ကဏ္ဍ၊ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေး စသည့် အကြောင်းအရာများအပေါ် အသေးစိပ်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အထွေထွေ ဆွေးနွေး တင်ပြကြပြီး အစည်းအဝေးကို ( ၁၁း၃၀ )နာရီတွင် ရုပ်သိမ်းသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေနှင့် အတူ အတွင်းရေးမှူး ဦးမြင့်သူ၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဥာဏ်ဝင်း၊ ဒေါက်တာတင်မောင်ကြိုင်၊ ဦးကျော်မြင့်၊ ဦးဇုန်းတိန့်၊ ဦးဝင်းကြည်၊ ဒေါက်တာဒေါ်မေ ဝင်းမြင့်၊ ဒေါက် တာဒေါ်အေးမြင့်၊ ဒေါ်နန်းစေ အွာ၊ ဒေါ်လဲ့လဲ့ ဝင်းဆွေ၊ ဒေါ်ခင် သန်းမြင့်၊ ဒေါ်ဇာ တလဲမ်း (တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ၊ အဖွဲ့ဝင်) ဒေါက်တာဇော်မြင့်မောင် ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၄ခုနှစ် ဇန်နဝါရီလ ၂၉ ရက်

              

 

 


News

19/01/2018

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long အား ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

19/01/2018

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် Jardine Matheson Holdings Limited ၏ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Hon.

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

19/01/2018

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် Jardine Matheson Holdings Limited ၏ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Hon.

17/01/2018

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms.

Pages