Law Database | Mail | English Version

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ကိုယ်စား)၊ ပြည်သူ့လွှတ်တော်နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ နှင့် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ တို့သည် ဗြိတိန်နိုင်ငံ Bingham တရားဥပဒေစိုးမိုးရေးစင်တာမှ ညွှန်ကြားရေးမှူးဖြစ်သူ ပါမောက္ခအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ကိုယ်စား)၊ ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဦးလှမြင့်ဦးနှင့် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့သည်  ဗြိတိန်နိုင်ငံ Bingham တရား ဥပဒေ စိုးမိုးရေးစင်တာမှ ညွှန်ကြားရေးမှူးဖြစ်သူ ပါမောက္ခ Sir Jeffrey Jowell QC ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့ ညနေ (၁၇း၀၀) နာရီ အချိန်တွင် လွှတ်တော် အဆောက်အအုံ ရေးရာဆောင်၊ (I-1) ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဥပဒေရေးရာ ကိစ္စရပ်များနှင့် လွှတ်တော်ရေးရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးကိုကိုထွန်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

၂၀၁၅ခုနှစ် ဇန်နဝါရီလ  ၂၇ ရက်

 

 

 

News

19/01/2018

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long အား ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

19/01/2018

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် Jardine Matheson Holdings Limited ၏ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Hon.

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

19/01/2018

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် Jardine Matheson Holdings Limited ၏ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Hon.

17/01/2018

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms.

Pages