Law Database | Mail | English Version

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ် အမျိုးသားပြည်သူ့ ကွန်ဂရက်(NPC)၏ အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်အမျိုးသားပြည်သူ့ ကွန်ဂရက်(NPC)၏ အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ H.E. Mme Yan Junqi ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးသိန်းဆွေ၊ သူရဦးအောင်ကို၊ ဦးလှမြင့်ဦး၊ ဦးဇော်မြင့်ဖေ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ကြပြီး ဧည့်သည်တော် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့် အတူမြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။

ဓာတ်ပုံများ

News

19/09/2017

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၊ Padauk (Yadanar Banquet Hall) ၌ ကျင်းပသည့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (JCC) နှင့် U

19/09/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ICRC (International Committee of the Red Cross) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Fabrizzio Carboni အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

19/09/2017

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၊ Padauk (Yadanar Banquet Hall) ၌ ကျင်းပသည့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး

19/09/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ICRC (International Committee of the Red Cross) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.

19/09/2017

       ပြည်သူ့လွှတ်တော်ရုံးမှ ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားသော “အမတ်တွေကျပ်သိန်း ၁၃၀ နဲ့ BMW ကား စီးနိုင်တော့မှာလား” သတင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ လ ၁၉  ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ခဲ့သည်။

Pages