Law Database | Mail | English Version

အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

အမျိုးသားပညာရေး ဥပဒေ(မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၄ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ (၂)နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေး ခန်းမ၌ ကျင်းပ ရာ ပြည်ထောင် စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစ ကား ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တို့မှ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဒုတိယ ဝန်ကြီး ဒေါက်တာ ဇော် မင်းအောင်နှင့်     ဒေါက် တာ အောင်ကျော်မြတ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်များ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပညာရေးကဏ္ဍ သည် နိုင်ငံတော်အတွက် အရေးကြီးသည်ဖြစ်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေးနှင့် လွှတ်တော်တွင် ဆွေးနွေးနိုင်ရေးအတွက် လွန်ခဲ့သည့် (၂)နှစ် ကတည်းက ပြောကြားထားပြီးဖြစ်ကြောင်း၊ ယခုအချိန်အထိ ဥပဒေမပြုနိုင်ခြင်းအပေါ် မည်သည့်အခက်အခဲများရှိသည်ကို ဝိုင်းဝန်းအဖြေရှာရန် လိုပါကြောင်း။

ပထမအကြိမ် လွှတ်တော်သက်တမ်းကာလအတွင်း မပြီးနိုင်လျင် မိမိတို့ညံ့ရာ ကျမည်ဖြစ်ကြောင်း၊ တစ်ဦးနှင့် တစ်ဦး အပြစ်ပြောနေ၍မပြီးဘဲ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ ဥပဒေကြမ်းနှင့် ဥပဒေထွက်ပေါ်လာရန် လွှတ်တော်တွင် တာဝန်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော်အတွက် ပညာရေးဥပဒေ အမြန်ပေါ်ထွက်လာရန် လိုပါကြောင်း၊ ရဲရဲဝံ့ဝံ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့ လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ  ဒေါက်တာ ချမ်းငြိမ်းတို့က အမျိုးသားပညာရေး ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီနှင့် တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယက က ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

နေပြည်တော်- ဖေဖော်ဝါရီ ၂၇

News

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

22/11/2017

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ မြန်မာလွှတ်တော်သို့ ကူညီထောက်ပံ့ပေးရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ လွှတ်တော်အရည်အသွေးမြှင့်တင်ရေး အကျိုးရလဒ် သုံးသပ်ရေးအဖွဲ့ အစည်းအဝေး (Output Board Meeting) ကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်ရှိ လွှတ်တော်သင်ကြားရေးဌာန၌ ယေ

Pages