Law Database | Mail | English Version

အပြည်ပြည်ဆိုင်ရာပါလီမန်များ သမဂ္ဂ IPU မှ မြန်မာလွှတ်တော်သို့ Serverနှင့် ကွန်ပျူတာများပေးအပ် လှူဒါန်း

အပြည်ပြည်ဆိုင်ရာပါလီမန်များ သမဂ္ဂ IPU မှ မြန်မာလွှတ်တော်သို့ Server  (၃)လုံးနှင့် ကွန်ပျူတာ (၁၈) လုံး  ပေးအပ်လှူဒါန်းပွဲ  အခမ်းအနားကို  လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင် လွှတ်တော်စာကြည့်တိုက်၌ ၂၀၁၄ ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားသို့  ပြည်ထောင်စုလွှတ်တော်  ဒုတိယနာယက ပြည်သူ့လွှတ်တော်    ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော် စွာ၊  နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ  ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ  ဦးလှမြင့်ဦး၊  အတွင်းရေးမှူး ဦးမောင် တိုး၊ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံး အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ တက်ရောက်သည်။

အခမ်းအနားတွင်  IPU မှ မြန်မာလွှတ်တော်သို့   လှူဒါန်းသည့် ပစ္စည်းများနှင့်စပ်လျဉ်းသည့် စာရွက် စာတမ်းများကို Project Manager Mrs.Norah Babic က နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ    ပူးပေါင်း ကော်မတီဥက္ကဋ္ဌ     ဦးလှမြင့်ဦးထံ လွှဲပြောင်းပေးအပ်ပြီး   ပြည်ထောင်စုလွှတ်တော်   ဒုတိယ နာယက  ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။      

၂၀၁၄ ဖေဖော်ဝါရီ  ၂၄ ရက်    

News

19/01/2018

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long အား ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

19/01/2018

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် Jardine Matheson Holdings Limited ၏ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Hon.

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

19/01/2018

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် Jardine Matheson Holdings Limited ၏ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Hon.

17/01/2018

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms.

Pages