Law Database | Mail | English Version

ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား တရုတ်မြန်မာစီးပွားရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး အသင်းမှ ဥက္ကဋ္ဌဖြစ်သူ Mr. Hu Wei Hsin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော် ဇွန် - ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ အား တရုတ်မြန်မာစီးပွားရေးနှင့်ယဉ်ကျေးမှုဖလှယ်ရေးအသင်းမှ   ဥက္ကဋ္ဌဖြစ်သူ Mr. Hu Wei Hsin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ(၁၅း၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် ကော်မတီဆောင် အမှတ်(၁)ဧည့်ခန်းမ၌  လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်ဝမ်နှစ်နိုင်ငံအကြား ပိုမိုချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးစွာဆွေးနွေးခဲ့ကြ ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီမှအဖွဲ့ဝင်ဖြစ်သူ ဦးအောင်ဆန်း၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီမှ အဖွဲ့ဝင်ဖြစ်သူ ဦးအောင်မြင့်သိန်း၊ တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာ ကော်မတီမှ အဖွဲ့ဝင်ဖြစ်သူ ဦးစိုးဝင်း၊ ပြုပြင်ပြောင်းလဲရေးနှင့်ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီမှ အဖွဲ့ဝင်ဖြစ်သူ ဦးသန်းစိန်နှင့်အတူ လွှတ်တော်မှတာဝန်ရှိသူများ တက်ရောက်ကြပြီး၊ တရုတ်မြန်မာ စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အသင်းမှ ဥက္ကဋ္ဌြဖစ်သူ Mr. Hu Wei Hsin နှင့်အတူ တာဝန်ရှိသူ များတက်ရောက်ကြပါသည်။

News

19/09/2017

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၊ Padauk (Yadanar Banquet Hall) ၌ ကျင်းပသည့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (JCC) နှင့် U

19/09/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ICRC (International Committee of the Red Cross) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Fabrizzio Carboni အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်းများ

19/09/2017

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၊ Padauk (Yadanar Banquet Hall) ၌ ကျင်းပသည့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး

19/09/2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ICRC (International Committee of the Red Cross) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.

19/09/2017

       ပြည်သူ့လွှတ်တော်ရုံးမှ ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားသော “အမတ်တွေကျပ်သိန်း ၁၃၀ နဲ့ BMW ကား စီးနိုင်တော့မှာလား” သတင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ လ ၁၉  ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ခဲ့သည်။

Pages