Law Database | Mail | English Version

ကော်မတီရေးရာ

16/01/2014

ဥက္ကဋ္ဌ။    ။လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၈၅ နည်းဥပဒေခွဲ(ခ)၊ နည်းဥပဒေခွဲ(က)အရ ဦးစောလှထွန်း၊ ချောင်းဦးမဲဆန္ဒနယ်က ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေကြမ်းကို တင်သွင်းရန် ဖြစ်ပါတယ်။ ဦးစောလှထွန်းအား ဥပဒေကြမ်းတင်သွင်းရန် ဖိတ်ခေါ်ပါတယ်။

20/11/2013

နေပြည်တော်၊ နိုဝင်ဘာ ၁၉

ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အား မွန်ဂိုလီးယားနိုင်ငံ သမ္မတ H.E Mr. Tsakhiagiin Elbegdorj ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ နံနက် ၁၀ နာရီ ၄၀ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော် ကော်မတီဆောင် အမှတ် ၁၂ ၌ လာရောက် တွေ့ဆုံသည်။

15/11/2013

နေပြည်တော်၊ နိုဝင်ဘာလ ၁၄

ပြည်သူ့လွှတ်တော်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာနှင့် အဖွဲ့သည် သြစတြေးလျနိုင်ငံရှိ အေးရှားလင့်ခ်အဖွဲ့မှ စီးပွားရေးလုပ်ငန်းရှင်များအား နိုဝင်ဘာ(၁၄)ရက်၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ရေးရာဆောင်အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

08/11/2013

နေပြည်တော်၊ နိုဝင်ဘာ ၈ ရက်

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးလွန်းသီ၊ အတွင်းရေးမှူး ဦးသိန်းလွင်နှင့် ရင်းနှီးမြှပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဦးကြည်သာတို့သည် Unocal Myanmar Offshore Co.Ltd ဥက္ကဋ္ဌ Chevron Asia South Business Unit ၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်ဖြစ်သော Mr. Mariano Vela နှင့်

07/11/2013

နေပြည်တော် နိုဝင်ဘာ ၆

ဥပဒေပြု   လွှတ်တော်များနှင့် UNDP ပူးပေါင်း၍ Rebuilding Rule of Law in Myanmar: professional training and education for  existing   legal practitioners လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်ထောင်စု လွှတ်တော်နာယက ဦးစီး၍ ယနေ့မွန်းလွဲ ပိုင်းတွင်  လွှတ်တော်ဝင်း ဇမ္ဗူသီရိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

06/11/2013

နေပြည်တော်၊ နိုဝင်ဘာလ ၅

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့မွန်းလွဲ ၁ နာရီချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ၊ ဇမ္ဗူသီရိအစည်းအဝေးခန်းမဆောင်၌ ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီမှ ကျင်းပပြုလုပ်သည့် အမျိုးသားပညာရေးဥပဒေ(မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။

05/11/2013

နေပြည်တော် နိုဝင်ဘာ ၅

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သြစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ် မစ္စ(စ်)ကွင်းတင်းဘရိုက်စ်နှင့် ခင်ပွန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦး၊ ပြည်သူ့လွှတ်တော် ကော်မ တီဆောင် အမှတ် ၁၂ ၌ လာရောက် တွေ့ဆုံသည်။

29/10/2013

နေပြည်တော် အောက်တိုဘာ ၂၉

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့ နေ့လည် ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကော်မတီ၊ ကော်မရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

29/10/2013

ဥပဒေပြုလွှတ်တော်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၊  ဥပဒေပြုရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်ထောင်စု

29/08/2013

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် “အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း” အား ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီမှ အတွင်းရေးမှူး ဦးတင်မောင်ဦးက တင်သွင်းခဲ့ရာ အဆိုပါ ဥပဒေကြမ်းအား ဥပဒေကြမ်းကော်မတီမှ ဖတ်ကြားရှင်းလင်းခဲ့ပါသည်။ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်မှ လက်ခံဆွေးနွေးရန် အတည်ပြုခဲ့ပြီး ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များအား ၈-၈-၂၀၁၃ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ ခဲ့ပါသည်။

Pages