Law Database | Mail | English Version

လက်ခံတွေ့ဆုံမှုများ

18/10/2013

နေပြည်တော် အောက်တိုဘာ ၁၈

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း သည် ဂျပန်နိုင်ငံ၊ Nippon Foundation ဥက္ကဋ္ဌ Mr. Yohei SASAKAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အဦ၊ ပြည်သူ့လွှတ်တော် အစည်းအဝေးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

18/10/2013

နေပြည်တော် အောက်တိုဘာ ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌဦးနန္ဒကျော်စွာမှ ဂျာမနီနိုင်ငံ၊ ဖရက်ဒရစ်နော်မန် ဖောင်ဒေးရှင်း၏ အပြည်ပြည်ဆိုင်ရာဌာန အကြီးအကဲဖြစ်သူ Mr. Ulrich Niemann ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ (၁၅း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိလွှတ်တော် ရေးရာဆောင် (I-1) ၌ လက်ခံတွေ့ဆုံပါသည်။

10/10/2013

နေပြည်တော်၊ အောက်တိုဘာ ၁၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ အား   မြောက်ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Kim Sok Chol ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့မှ ယနေ့နံနက် (၀၉း၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ၌ လက်ခံတွေ့ဆုံပါသည်။

07/10/2013

နေပြည်တော်၊ အောက်တိုဘာ ၇

ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ  ဦးနန္ဒကျော်စွာအား ထိုင်းနိုင်ငံ၊ အမတ္တာ ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ဗီခရွန်ခရိုမာဒစ်နှင့် အဖွဲ့မှ ယနေ့နံနက် (၀၉း၀၀) နာရီတွင်နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် ( I- 1 ) ဧည့်ခန်းမ၌  လာရောက် တွေ့ဆုံပါသည်။

04/10/2013
နေပြည်တော်၊ အောက်တိုဘာ(၃)

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မေရိကန်ပြည်ထောင်စု၊ Harvard Kennedy ကျောင်းအုပ်ကြီး Mr. David T.Ellwood နှင့် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

03/10/2013
နေပြည်တော်၊ အောက်တိုဘာ ၂ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အစ္စရေးသံအမတ်ကြီး H.E. Mr. Hagay Moshe Behar အား ယနေ့နံနက် ၉ နာရီ ၅၀ မိနစ်တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
03/10/2013
နေပြည်တော်၊ အောက်တိုဘာ ၂ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် NDI မှ Governance Programs Director ဖြစ်သူ Mr. K. Scott Hubli ဦးဆောင်သည့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော် အစည်းအဝေးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပါသည်။
26/09/2013

နေပြည်တော် စက်တင်ဘာ ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်သော The Elders အဖွဲ့သည် (၂၅-၉-၂၀၁၃) ရက်နေ့ (၁၆း၄၅) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

06/09/2013

နေပြည်တော် စက်တင်ဘာ ၅

ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား ဂျပန်-မြန်မာ ပါလီမန် အမတ်များ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Ichiro AISAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် (၉း၄၅) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင် ( I- 1 ) ဧည့်ခန်းမ၌  လာရောက်တွေ့ဆုံပါသည်။

31/08/2013

နေပြည်တော်၊ သြဂုတ် ၃၀

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားအား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆာင်၌ လက်ခံတွေ့ဆုံသည်။

Pages