Law Database | Mail | English Version

ပုံမှန်အစည်းအဝေးများ

M T W T F S S
 
 
 
 
 
 
1
 
2
 
3
 
4
 
5
 
6
 
7
 
8
 
9
 
10
 
11
 
12
 
13
 
14
 
15
 
16
 
17
 
18
 
19
 
20
 
21
 
22
 
23
 
24
 
25
 
26
 
27
 
28
 
29
 
30
 
31
 
 
 
 
 
 

ပုံမှန်အစည်းအဝေးများ

(က)-ယခင်နိုင်ငံတော်သမ္မတ၏ပညာတော်သင်ဆု ရရှိသူများကို ဆက်လက်ပံ့ပိုး ကူညီမှုများရှိ၊ မရှိနှင့် ယခုနိုင်ငံတော်သမ္မတ၏ပညာတော်သင်ဆုရသူများ ကိုမည်သည့်အချိန်တွင်ပညာတော်သင်စေလွှတ်မည် ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

(က)-ယခင်နိုင်ငံတော် သမ္မတ၏ ပညာတော်သင်ဆု ရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို ဆက်လက်ပံ့ပိုး ကူညီမှုများရှိ၊မရှိနှင့် ယခုနိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုရ ကျောင်းသား၊ ကျောင်းသူများကို မည်သည့်အချိန်တွင် ပညာတော် သင် စေလွှတ် မည်ကိုသိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

(ခ)-စာသင်ကျောင်းများတွင်ယခင်ကကဲ့သို့ကျောင်း တွင်း အားကစားပွဲများ၊ ကျောင်းသား အားကစား ပွဲတော်များ၊ တက္ကသိုလ် နှင့် ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

(ခ)-စာသင်ကျောင်းများတွင် အားကစားကွင်းများ ကိုယ်စီဖန်တီးပေးနိုင်ခြင်းရှိ၊ မရှိ၊ အားကစားချိန်တွင် ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်းများနှင့် အားကစားနည်း တစ်မျိုးမျိုးကို သင်ကြားပေးရန်နှင့် ယခင်ကကဲ့သို့ ကျောင်းတွင်း အားကစားပွဲများ၊ ကျောင်းသား အားကစား ပွဲတော်များ၊ တက္ကသိုလ် နှင့် ကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲများ ကျင်းပပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

(ဂ)-ဝန်ကြီးဌာန အလိုက်၊ ဦးစီးဌာန အလိုက်၊ နယ်မြေဒေသအလိုက်ဖြစ်စေ လမ်း၊တံတားနှင့် လုပ်ငန်းအမျိုးမျိုး၌စံသတ်မှတ်ချက်အမျိုးမျိုးကိုတွေ့ရှိရ ပါသဖြင့်စံချိန်စံညွှန်းသတ်မှတ်ချက်များထားရှိခြင်း ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

(ဂ)-ဝန်ကြီးဌာန အလိုက်ဖြစ်စေ၊ ဦးစီးဌာနအလိုက်ဖြစ်စေ၊ နယ်မြေဒေသအလိုက် ဖြစ်စေ လမ်း၊ တံတားနှင့် လုပ်ငန်းအမျိုးမျိုး၌ စံသတ်မှတ်ချက် အမျိုးမျိုးကို တွေ့ရှိရပါသဖြင့် စံချိန်စံညွှန်း သတ်မှတ်ချက်များ ထားရှိခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

(င)-သင်ထောက်ကူ စာသင်ခုံများ၊သင်ပုန်းများ အားကျောင်းသူ၊ ကျောင်းသားဦးရေနှင့်အညီထောက် ပံ့ပေးရန်ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

(င)-အခြေခံပညာကျောင်းများ တည်ဆောက်ရေးအတွက် ဒေသအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေပေါ် မူတည်၍ ဒေသဈေးနှုန်းများအပေါ် အခြေအနေမှန်ဖြင့် တွက်ချက်တင်ပြသည့် အဆောက်အဦ တန်ဖိုးကို အခြေခံ၍ လေလံစနစ်ဖြင့် တည်ဆောက်ခြင်း၊ ဆရာ၊ ဆရာမများ နားနေခန်းပါ အဆောက်အဦ ဒီဇိုင်းပုံစံပြောင်းလဲပေးရန်နှင့် သင်ထောက်ကူ စာသင်ခုံများ၊ သင်ပုန်းများ အား ကျောင်းသူ၊ ကျောင်းသားဦးရေနှင့် အညီ ထောက်ပံ့ပေးရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

(စ)-တက္ကသိုလ်များအတွက်ပဋိညာဉ်နှင့်တက္ကသိုလ် အားလုံးကိုလွှမ်းခြုံသောပဋိညာဉ်ရေးဆွဲရေးအတွက် မည်သည့် အချိန်တွင် တည်ထောင်ပြီးစီးမည်နှင့် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦကို တည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

(စ)-တက္ကသိုလ် တစ်ခုချင်းစီ အတွက် ပဋိညာဉ်နှင့် တက္ကသိုလ်အားလုံးကို လွှမ်းခြုံသော ပဋိညာဉ်ရေးဆွဲရေးအတွက် အချိန်မူဘောင်၊ တက္ကသိုလ် ကျောင်းသား သမဂ္ဂများအားလုံး မည်သည့်အချိန်တွင် တည်ထောင်ပြီးစီးမည်နှင့် သမိုင်းဝင်ကျောင်းသား သမဂ္ဂ အဆောက်အဦကို ပြန်လည် တည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

(က)-လှိုင်မြို့နယ် အင်းစိန်လမ်းရှိ ဘာတာဈေးနှင့် မီးသတ်ဦးစီးဌာနအဆောက်အဦကြားရှိစက်မှုဝန်ကြီး ဌာနပိုင်မြေနေရာတွင် မူလတည်ရှိခဲ့သောကလေး ကစားကွင်းနှင့်ပန်းခြံပြုလုပ်ရန်အတွက်ပြန်လည်ပေး အပ်ရန် အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

(က)-လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ အင်းစိန်လမ်းမပေါ် ဘာတာဈေးနှင့် လှိုင်မြို့နယ် မီးသတ်ဦးစီးဌာန အဆောက်အဦကြားရှိ စက်မှုဝန်ကြီးဌာနပိုင် မြေနေရာတွင် ယခင် အစိုးရလက်ထက်က ဆောက်လုပ်ခဲ့သော အဆောက်အဦ တစ်လုံး၊ ယခုဆောက် လုပ်ရန် ပြင်ဆင်နေသော မြေကွက်လပ်၊ ယခင်အစိုးရ လက်ထက်က ငှားရမ်းထားသော Planets Zone Beer ဆိုင်၊ ဖုန်းပစ္စည်း အရောင်းဆိုင် နှစ်ဆိုင်၊ KLK အဝတ်အထည်ဆိုင် နေရာများကို မူလတည်ရှိခဲ့သော ကလေးကစားကွင်းနှင့် ပန်းခြံ ပြုလုပ်ရန်အတွက် အများပိုင်မြေနေရာအဖြစ် ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

(ဂ)-မန်ကျောင်းရွာအနီး ဆွတ်တီးချောင်းပေါ် ရှိ ရေလှောင်တမံအား လုံလောက်သော ရေပို လွှဲမြောင်းများတည်ဆောက်ပေးရေးမည်ကဲ့သို့ဆောင် ရွက်ပေးမည်နှင့် ဆုံးရှုံး နစ်နာသူများအား မည်သို့ ကူညီပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

(ဂ)-တန့်ယန်းမြို့နယ်၊ မန်ကျောင်းရွာအနီး ဆွတ်တီးချောင်းပေါ်ရှိ ရေလှောင်တမံအား လုံလောက်သော ရေပိုလွှဲမြောင်းများ ထည့်သွင်းတည်ဆောက်ပေးရေး မည်ကဲ့သို့ ဆောင်ရွက်ပေးမည်နှင့် နှစ်စဉ်ဆုံးရှုံး နစ်နာနေသော တောင်သူများအား မည်သို့ ကူညီဆောင် ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

(ဃ)-ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန် ယူဆောက်လုပ်ထားသောလမ်း၊တံတားများအချိန်တို အတွင်း ပျက်စီးနေပါသဖြင့် ကုမ္ပဏီများအား ပြန် လည်ပြုပြင်စေခြင်းမရှိပါကတရားစွဲဆိုခြင်း၊နာမည် ပျက် စာရင်းသွင်းခြင်း ပြုလုပ်ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

(ဃ)-ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်ထားသော လမ်း၊ တံတားများ အချိန်တိုအတွင်း ပျက်စီးနေပါသဖြင့် တာဝန်ယူ ဆောက်လုပ်ခဲ့သော ကုမ္ပဏီများအား ပြန်လည်ပြုပြင်စေခြင်း၊ တာဝန်ယူဆောင်ရွက်ခြင်း မရှိပါက တရားစွဲဆိုခြင်း၊ နာမည်ပျက် စာရင်းသွင်းခြင်း ပြုလုပ်ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

Pages