Law Database | Mail | English Version

စိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးကဏ္ဍ ကိန်းဂဏန်းဆိုင်ရာအချက်အလက်များ

 ဤစာတမ်းတိုတွင် မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများနှင့်ပတ်သက်၍ စိုက်ပျိုးရေးကဏ္ဍ ဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံ၏ထုတ်လုပ်ရေးကဏ္ဍ  ကိန်းဂဏန်းဆိုင်ရာ သုံးသပ် ချက်များကို ဖော်ပြထားပါသည်။ ဤစာတမ်းတိုအား အချက်အလက်အသစ်များ ရရှိသည့်အပေါ် မူတည်၍ လစဉ် ၂ လ တစ်ကြိမ် သို့မဟုတ် ၃ လ တစ်ကြိမ် မွမ်းမံ၍ ထုတ်ဝေသွားပါမည်။ အချက် အလက်များအားလုံးအတွက် လစဉ် အချက်အလက်အသစ်များ ရရှိနိုင်မည်မဟုတ်ပါ။ အချို့ အချက်အလက်များမှာ တစ်နှစ်တစ်ကြိမ် ထုတ်ပြန်ခြင်းလည်း ရှိနိုင်သောကြောင့် စာတမ်းတိုပါ အချို့အချက်အလက်များနှင့် သုံးသပ်ချက်များသည် ထုတ်ဝေမှု တစ်ခုနှင့်တစ်ခု အကြားတူညီနိုင် ပါသည်။ စာတမ်းတိုတွင် မူဝါဒများကိုပြည့်စုံစွာသုံးသပ်ထားခြင်း မပါရှိပါ။ အချက်အလက်ဖြစ် စဉ်များ (trend) နှင့် အချက်အလက်နှိုင်းယှဉ်မှုများကိုသာ ဖော်ပြထားပါသည်။


စိုက်ပျိုးရေးကဏ္ဍ

၁။    မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍတွင် ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံနှင့်အာဆီယံနိုင်ငံများ ၏စိုက်ပျိုးမြေအသုံးပြုမှုဧရိယာများ၊ အာဆီယံနိုင်ငံများအတွင်း စိုက်ပျိုးရေးကဏ္ဍမှရရှိသည့်  ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုးနှင့် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ စိုက်ပျိုးရေးကုန်ကြမ်း တင်သွင်းမှု အခြေအနေများကို ပြုစုတင်ပြ ထားခြင်း ဖြစ်ပါသည်။ ယခုရရှိ သော အချက်အလက်များသည် ၂၃-၆-၂၀၁၆ ရက်နေ့တွင်နောက်ဆုံး ရရှိထားခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးမြေဧရိယာ
၂။    မြန်မာနိုင်ငံ၏စိုက်ပျိုးမြေအသုံးပြုမှုဧရိယာမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၂၀၁၃ ခုနှစ် အာဆီယံနိုင်ငံများ၏ စိုက်ပျိုးမြေ
၃။    ၂၀၁၃ ခုနှစ် အာဆီယံနိုင်ငံများ၏စိုက်ပျိုးမြေအသုံးပြုမှုဧရိယာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-


 
၎။    World Development Indicators မှရရှိသောအချက်အလက်များအရ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးမြေအသုံးပြုမှုသည် ၁၉ ရာခိုင်နှုန်းကျော်ရှိပြီး ကာလတစ်လျောက်လုံးတွင် အမြင့်ဆုံးဖြစ်ပြီး ၂၀၀၄ ခုနှစ်မြန်မာနိုင်ငံစိုက်ပျိုး မြေဧရိယာ အသုံးပြုမှု၏ ၁၆ ရာခိုင်နှုန်းမှ မြင့်တက်လာခြင်းဖြစ်ပါသည်။ လွန်ခဲ့သော ၁၅ နှစ်အတွင်း အာဆီယံနိုင်ငံများ၏ စိုက်ပျိုးမြေ  အသုံးပြုမှုသည် တိုးတက်မှုရှိခဲ့သော်လည်း စင်္ကာပူနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့၏ စိုက်ပျိုးမြေ အသုံးပြုမှု ရာခိုင်နှုန်းမှာ ကျဆင်းနေခဲ့ပါသည်။

စိုက်ပျိုးရေးကဏ္ဍမှရရှိသောပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး
၎။    အာဆီယံနိုင်ငံများ၏စိုက်ပျိုးရေးကဏ္ဍမှရရှိသောပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး မှာ အောက်ပါအတိုင်းဖြစ်ပါသည်-


 
၅။    Agriculture value added (% of GDP) ဆိုသည်မှာ တစ်နိုင်ငံလုံး၏  ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုးတွင် စိုက်ပျိုးရေးကဏ္ဍမှရရှိသည့် ရာခိုင်နှုန်းဖြစ်ပါသည်။ ၂၀၀၄ ခုနှစ်တွင် World Development Indicators မှရရှိသော အချက်အလက်များအရ စိုက်ပျိုးရေး ကဏ္ဍမှရရှိသော ထုတ်ကုန်တန်ဖိုးသည်စုစုပေါင်း GDP ၏၄၈.၄ ရာခိုင်နှုန်း ရှိပါသည်။ အာဆီယံ နိုင်ငံများအတွင်းစိုက်ပျိုးရေးကဏ္ဍမှ ရရှိသည့် GDP ရာခိုင်နှုန်းများအား နှိုင်းယှဉ်လျင် မြန်မာ နိုင်ငံသည် အများဆုံးဖြစ်ပါသည်။ အခြားအာဆီယံနိုင်ငံများတွင် ၁၉၈၆ မှ ၂၀၁၄ ခုနှစ်အထိ စိုက်ပျိုးရေးကဏ္ဍမှရရှိသည့် GDP ရာခိုင်နှုန်းသည်  ကျဆင်းခဲ့ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ ၏အချက်အလက်များသည် ၂၀၀၄ ခုနှစ်အထိသာရရှိပါသည်။

မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကုန်ကြမ်းတင်သွင်းမှု
၆။    မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကုန်ကြမ်းတင်သွင်းမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါ သည်-


 
၂၀၁၄ ခုနှစ်အာဆီယံနိုင်ငံများ၏ စိုက်ပျိုးရေးကုန်ကြမ်းတင်သွင်းမှု

၇။    ၂၀၁၄ ခုနှစ်အာဆီယံနိုင်ငံများ၏ စိုက်ပျိုးရေးကုန်ကြမ်းတင်သွင်းမှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
 
၈။    မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကုန်ကြမ်းတင်သွင်းမှုရာခိုင်နှုန်းသည် ၂၀၁၀ ခုနှစ်တွင် ၀.၄ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၀၁ ခုနှစ်၏ ၀.၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် တိုးတက်လာခဲ့ပါသည်။ World Development Indicators မှ ရရှိသောအချက်အလက်များအရ စိုက်ပျိုးရေးကုန်ကြမ်း တင်သွင်းမှုသည်  ကာလတစ်လျောက်လုံးတွင် ၁၉၆၅ ခုနှစ်သည် အမြင့်ဆုံးဖြစ်ခဲ့ပါသည်။ နောက်ဆုံးရရှိထားသောအချက်အလက်များအရ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံသည် တတိယအနည်းဆုံးဖြစ်ပြီး မြန်မာနိုင်ငံ၏နောက်တွင် စင်ကာပူနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့ ရှိပါ သည်။

ထုတ်လုပ်မှုကဏ္ဍ
၉။    မြန်မာနိုင်ငံ၏ထုတ်လုပ်မှုကဏ္ဍတွင် တွင်းထွက်ပစ္စည်းများနှင့် ပုလဲထုတ်လုပ်ခြင်းကဏ္ဍ၊ သတ္တုမဟုတ်သော တွင်းထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းကဏ္ဍနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းကဏ္ဍ စသည့်ကဏ္ဍများကို အောက်ပါအတိုင်းဖော်ပြထားပါသည်။ ယခုရရှိသော အချက်အလက်များသည် ၂၃-၆-၂၀၁၆ ရက်နေ့တွင်နောက်ဆုံး ရရှိထားခြင်း ဖြစ်ပါသည်။

အဖိုးတန်တွင်းထွက်ပစ္စည်းများနှင့်ပုလဲထုတ်လုပ်ခြင်းလုပ်ငန်းများ
၁၀။    မြန်မာနိုင်ငံ၏ အဖိုးတန်တွင်းထွက်ပစ္စည်းများနှင့် ပုလဲထုတ်လုပ်ခြင်းလုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-


 
၁၁။    ကျောက်စိမ်းထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ၉၆၆ တန် ထုတ်လုပ် ခဲ့ပြီး စက်တင်ဘာလနှင့် နှိုင်းယှဉ်ကြည့်ပါက ၁၃၁ တန် မြင့်တက်လာခဲ့ပါသည်။ ထို့ပြင် ၂၀၁၄ ခုနှစ် အောက်တိုဘာလနှင့် နှိုင်းယှဉ်ပါကထုတ်လုပ်မှုတန်ဖိုး တန် ၃၀ ကျော်မြင့်တက်ခဲ့ပါသည်။

၁၂။    ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၌ ကျောက်မျက် စုစုပေါင်းထုတ်လုပ်မှုတန်ဖိုးသည် ၈၅၃,၀၀၀ ကာရက် ထုတ်လုပ်ခဲ့ပြီး စက်တင်ဘာလနှင့်နှိုင်းယှဉ်ပါက ၇၂၅,၀၀၀ ကာရက် ကျဆင်းခဲ့ပါသည်။ ထို့ပြင် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလအား နှိုင်းယှဉ်ကြည့်ပါ က ၁၂၇,၀၀၀ ကာရက် မြင့်တက်လာခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၌ ပတ္တမြားသည် ၂,၀၀၀ ကာရက်၊ နီလာသည် ၄၇,၀၀၀ကာရက်၊ ကျောက်နီသည် ၁၆,၀၀၀ ကာရက်နှင့် ပြောင်ခေါင်းစိမ်းသည် ၅၀,၀၀၀ကာရက် စသည်တို့ကို ထုတ်လုပ်ခဲ့ပါသည်။ လွန်ခဲ့ သော ၁၀ နှစ်မှစ၍ ပတ္တမြားထုတ်လုပ်မှုသည် ဆက်တိုက်ကျဆင်းလာသည်ကိုတွေ့ရှိရပါသည်။

၁၃။    ပုလဲထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ်တွင် ၁၀,၀၀၀ မိုမီ ထုတ်လုပ်ခဲ့ပြီးစက်တင်ဘာလနှင့် အောက်တိုဘာလကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ၁၀,၀၀၀ မိုမီ ကျဆင်းသွားသည်ကို တွေ့ရှိရပါ သည်။ ထို့ပြင် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလနှင့် ယှဉ်ကြည့်ပါကလည်း ၇,၀၀၀ ကာရက် ကျဆင်းခဲ့ပါသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်ထားသည့် သတ္တုမဟုတ်သော တွင်းထွက်ပစ္စည်းများ
၁၄။    မြန်မာနိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်ထားသည့် သတ္တုမဟုတ်သော တွင်းထွက်ပစ္စည်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
 

ကျောက်မီးသွေး
၁၅။    ကျောက်မီးသွေး ထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ၁၆,၉၂၄  မက်ထရစ်တန် ထုတ်လုပ်ခဲ့ပြီးစက်တင်ဘာလနှင့် နှိုင်းယှဉ်ကြည့်ပါက မက်ထရစ်တန် ၂,၉၉၉  မြင့်တက်လာခဲ့ပါသည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတို့အား နှိုင်းယှဉ်လျှင် မက်ထရစ်တန် ၁၁,၅၈၆ အထိ ထုတ်လုပ်မှုတန်ဖိုး လျော့နည်းခဲ့ပါသည်။

ဘာရိုက်တီးစ်
၁၆။    ဘာရိုက်တီးစ် ထုတ်လုပ်မှုတွင် ၂၀၁၅ အောက်တိုဘာလတွင် မက်ထရစ်တန် ၂၅၂ ထုတ်လုပ် ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလနှင့် နှိုင်းယှဉ်ကြည့်ပါက မက်ထရစ်တန် ၁၇ အထိ မြင့်တက် လာခဲ့ပါသည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလကို နှိုင်းယှဉ်လျှင် မက်ထရစ်တန် ၂,၁၅၆ ကျဆင်းသွားခဲ့ပါသည်။ ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် ထုတ်လုပ်မှုများ ကျဆင်းခဲ့သော်လည်း ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ထုတ်လုပ်မှုမှာ မြင့်တက်လာခဲ့သည်ကို တွေ့ရှိ ရပါသည်။

ဂျစ်ပစံ
၁၇။    ဂျစ်ပစံထုတ်လုပ်မှုတွင် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် မက်ထရစ်တန် ၃,၁၆၈ ထုတ်လုပ်ခဲ့ပြီး စက်တင်ဘာလနှင့် နှိုင်းယှဉ်ကြည့်ပါက မက်ထရစ်တန် ၁,၅၇၇ အထိ ထုတ်လုပ်မှု တန်ဖိုး မြင့်တက်လာခဲ့ပါသည်။  ထို့ပြင် ၂၀၁၄  ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ တို့အား နှိုင်းယှဉ်ပါက ၃,၉၁၇ သို့ ကျဆင်းသွားခဲ့ပါသည်။

ဒိုလိုမိုက်
၁၈။    ဒိုလိုမိုက် ထုတ်လုပ်မှုတွင် မက်ထရစ်တန် ၁၀၀ ထုတ်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ လနှင့် နှိုင်းယှဉ်ကြည့်ပါက ပြောင်းလဲမှုမရှိကြောင်း တွေ့ရှိရပါသည်။ ၂၀၁၄ ခုနှစ် မှစ၍ ၂၀၁၅ ခုနှစ်အထိ ထုတ်လုပ်မှုမှာ ပြောင်းလဲခြင်းမရှိခဲ့ပါ။

ထုံးကျောက်
၁၉။    ထုံးကျောက်ထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် မက်ထရစ်တန် ၃၁၆,၉၈၀ ထုတ်လုပ်ခဲ့ပြီး စက်တင်ဘာလနှင့် နှိုင်းယှဉ်ကြည့်ပါက မက်ထရစ်တန် ၇၆,၅၃၀  အထိ တိုးမြင့်ထုတ်လုပ်ခဲ့ပါသည်။ ထို့ပြင် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလအား နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် မက်ထရစ်တန် ၂၀၁,၄၀၀ မြင့်တက်လာခဲ့ ပါသည်။ ၂၀၀၄ ခုနှစ်မှစ၍ ထုတ်လုပ်မှုများ ကျဆင်းခဲ့သော်လည်း ၂၀၁၀ နောက်ပိုင်းတွင် ထုတ်လုပ်မှုမှာ သိသိသာသာမြင့်တက်လာခဲ့သည်ကိုတွေ့ရှိရပါသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများ
၂၀။    မြန်မာနိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-


 
၂၁။    ရေနံဆီထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ၃၉၃,၀၀၀ တိုင်ကီ ထုတ်လုပ်ခဲ့ပြီး စက်တင်ဘာလနှင့်ယှဉ်ကြည့်ပါက အနည်းငယ်ကျဆင်းခဲ့ပါသည်။ ထို့ပြင် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလအား နှိုင်းယှဉ်ကြည့်ပါက ၇၆,၀၀၀ တိုင်ကီ ကျဆင်းခဲ့ ပါသည်။

၂၂။    ဓာတ်ဆီထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ၁,၆၃၀ မက်ထရစ်တန် ထုတ်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလအား ယှဉ်ကြည့်ခြင်းအားဖြင့်  မက်ထရစ်တန် ၉၇၆ ထုတ်လုပ်မှု မြင့်တက်လာခဲ့ပါသည်။ ထို့ပြင် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ နှင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလအား နှိုင်းယှဉ်ကြည့်ပါက ၂ ဆခန့် မြင့်တက်လာခဲ့ပါသည်။

၂၃။    ဒီဇယ်ထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ဂါလံထောင်ပေါင်း ၃၉၁၇,၀၀၀ ဂါလံ ထုတ်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလအား ယှဉ်ကြည့်ပါက ၆၄၉,၀၀၀ ဂါလံ မြင့်တက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ ၂၀၀၆ ခုနှစ်တွင် ရေနံဆီ၊ ဓာတ်ဆီနှင့် ဒီဇယ်ဆီ ထုတ်လုပ်မှုမှာ တစ်ရှိန်ထိုး မြင့်တက်သွားခဲ့ပါသည်။

၂၄။    မြန်မာနိုင်ငံတွင် အရက်ထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ဂါလံနှစ်သိန်း တစ်သောင်းကျော် ထုတ်လုပ်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်တို့အား ယှဉ်ကြည့်ပါက ဂါလံတစ်သောင်းကျော် ကျဆင်းခဲ့ပါသည်။ ၂၀၁၄ခုနှစ်၊ ဇူလိုင်လနှင့် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လကို နှိုင်းယှဉ်ကြည့်ခြင်း အားဖြင့် ၂၀၁၅ခုနှစ်၊ ဇူလိုင်လတွင် နှစ်ဆတက်သွားခဲ့သည်ကို တွေ့ရှိရ ပါသည်။
 
၂၅။    မြန်မာနိုင်ငံ၏ ဆေးလိပ်ထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ၇၀၀ မီလီယံကျော် ထုတ်လုပ်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လတို့အား နှိုင်းယှဉ်ကြည့်ပါက မီလီယံ လေးသောင်းကျော် ကျဆင်းခဲ့ပါသည်။ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် ဇူလိုင်လကို နှိုင်းယှဉ်ကြည့် ခြင်းအားဖြင့် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် အနည်းငယ်မြင့်တက်ခဲ့သည်ကို တွေ့ရှိရပါသည်။ လွန်ခဲ့သော (၁၀) နှစ်မှစ၍ ဆေးလိပ်ထုတ်လုပ်မှုနှုန်းသည် မြင့်တက်လာခဲ့ပါသည်။


သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ်မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါ သည်။ လွှတ်တော်သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

 

 

Date issused 
Wednesday, August 3, 2016 - 10
Research Type