Law Database | Mail | English Version

June 2017

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ မက္ကဆီကိုနိုင်ငံ သံအမတ်ကြီး H.E.Mr.

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တောင်အာဖရိကနိုင်ငံ သံအမတ်ကြီး H.E. Mr. Geoffrey Quinton Mitchell Doidge အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် Asian Development Bank မှ အဖွဲ့ဝင် (၇) ဦးပါ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ် အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဥပဒေဆိုင်ရာကိစ္စရပ်များအပေါ်  ရင်းနှီးပွင့်‌လင်းစွာ အမြင်ချင်းဖလှယ် ဆွေး‌နွေး‌ကြသည်‌။

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းနှင့် ကော်မတီအဖွဲ့ဝင်များသည် တောင်သူဖွံ့ဖြိုးရေး သင်တန်းကျောင်း (GPI) အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် ဇွန်လ ၂၇ ရက် နံနက် ၉ နာရီအချိန်တွင် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ကျင်းပပြုလုပ်ခဲ့ သော ဒုတိယအကြိမ်မြောက် ဥရောပ-အာရှနိုင်ငံများ၏ လွှတ်တော်ဥက္ကဋ္ဌများ အစည်းအဝေးဖွင့်ပွဲအခမ်း အနားနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါဖွင့်‌ပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က မြန်မာ လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် နိုင်ငံတော်၏ ရပ်တည်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး နေ့လယ်ခင်းပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ နိုင်ငံတော်သမ္မတက တည်ခင်းဧည့်ခံသော နေ့လယ်စာ စားပွဲ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန် သံအမတ်ကြီး H.E Mr Steve Marshall အား ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ် အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဥပဒေရေးရာနှင့်သက်ဆိုင်သော ကိစ္စရပ်များအပေါ် ရင်းနီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ‌ဆွေး‌နွေးကြသည်။

ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ကြသော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား မန်းအောင်ငြိမ်း ဖောင်ဒေးရှင်းက ပညာရည်ချွှန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံကြီး၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Steve Marshall ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ စင်္ကာပူနိုင်ငံအခြေစိုက် PRIME အဖွဲ့၏ C.E.O Mr.Kenneth Kyaw Shein ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းသည် သြစတြေးလျနိုင်ငံ ပါလီမန်အမတ်များအား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

Pages