Law Database | Mail | English Version

April 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ မေလ ၁၈ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။

    ၁၃၇၉ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ( C ) ဆောင်ရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

     ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသော သုခနဲ့ ပြည့်စုံ ကြပါစေလို့ ဦးစွာမေတ္တာပို့သ အပ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် Global Commission on Drug Policy (GCDP) ဥက္ကဋ္ဌနှင့် ဆွစ်ဇာလန်နိုင်ငံသမ္မတဟောင်း ဖြစ်သူ Ms. Ruth Dreifuss အား ယနေ့ နေ့လည် ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်‌ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေးအထိ မေးမြန်းခဲ့သော မေးခွန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်းအဝေးအထိ အစည်းအဝေးကျင်းပခဲ့သည့် ရက်စုစုပေါင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကမ္ဘာ့မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာ ကော်မရှင် ဥက္ကဋ္ဌ ဆွစ်ဇာလန်သမ္မတဟောင်း H.E. Madam Ruth Dreifuss အားလက်ခံတွေ့ဆုံ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာ ကော်မရှင် (Global Commission on Drug Policy)၏ ဥက္ကဋ္ဌဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသမ္မတဟောင်း H.E. Madam Ruth Dreifuss အား ယနေ့ နံနက် ၁၁ နာရီအချိန်တွင် လွှတ်တော်ဝန်းအတွင်းရှိ ရေးရာဆောင် အမှတ်(I-1)၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌သည် နယူးယောက်မြို့အခြေစိုက် UNICEF ဌာနချုပ်၏ Deputy Executive Director ဖြစ်သူ Mr. Robert Justin Alexander Forsyth အား ယနေ့ နေ့လယ် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်‌ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး H.E. Mr. Scot Marciel အား ယနေ့ မွန်းလွဲ (၂) နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်‌ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jaroslav Dolecek အား ယနေ့ မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်‌ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။