Law Database | Mail | English Version

February 2017

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း သည် နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.Tone Tinnes အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မေဝင်းမြင့်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးမှ Deputy Chief of Mission & Counsellor, Mr. Koh Chee Chain အား ယနေ့ ညနေ ၄နာရီခွဲ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင် အမှတ်  (I-3) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုကိစ္စရပ်များ၊ မြန်မာ-စင်္ကာပူ လွှတ်တော်များ၏ လုပ်ငန်းဆောင်တာများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးမှ Deputy Chief of Mission & Counsellor, Mr. Koh Chee Chain အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် အတွင်းရေးမှူး ဦးဘိုဘိုဦး တို့သည် နော်ဝေသံအမတ်ကြီး H.E.Ms.Tone Tinnes အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နော်ဝေနိုင်ငံမှ ပါဝင်ကူညီမည့်လွှတ်တော်ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး သင်တန်းများနှင့် ကျန်းမာရေးမြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ယနေ့ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂.၂.၂၀၁၇)တွင် " ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်း" ကို လက်ခံဆွေးနွေးရန် အဆိုတင်သွင်းခဲ့သည်။  အဆိုရုပ်သံဖိုင်အား အောက်ပါလင့် တွင် ဝင်ရောက်ကြည့် ရှုနိုင်ပါသည် -

ရုပ်သံဖိုင်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဦး ကျောက်တံခါးမဲဆန္ဒနယ်၏ မိတ်ဆွေ (၂၃) ဦး၊ ပါမောက္ခ ဒေါက်တာခင်မြတ်မြတ်အောင်  ဦးဆောင်သည့် မိတ္ထီလာတက္ကသိုလ်မှ ကြီးကြပ်သူ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၂၄၉) ဦး၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဦးဝင်းမြင့် (ဦးစီးအရာရှိ) နှင့် စကားပြန်တစ်ဦး ဦးဆောင်၍ ဆွစ်ဇာလန်နိုင်ငံသား (၂) ဦး၊ စုစုပေါင်း (၂၇၆) ဦး တို့သည် ယနေ့နံနက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြပါသည်။

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် သည် UNESCO ၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Mr. Mikel Aguirre Idiaquez အား ယနေ့ နံနက် (၀၈း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံသတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး  ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း သည် UNESCO အဖွဲ့အား ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

Pages