Law Database | Mail | English Version

February 2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ဆွီဒင်နိုင်ငံ၊ Riksdag လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Urban Ahlin ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဆွီဒင်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သည့် The Right Honorable Mr Urban Ahlin အား မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (I-1) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ဥပဒေရေးရာကဏ္ဍတွင် အချင်းချင်း အပြန် အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ အစီအစဉ်အား (၂၃-၂-၂၀၁၇) (ကြာသပတေးနေ့) နံနက် (၁၀)နာရီ အစား (၂၃-၂-၂၀၁၇) (ကြာသပတေးနေ့) နံနက် (၁၀း၃၀) နာရီတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပါကြောင်း အသိပေး ပန်ကြားအပ်ပါသည်။

 

 

ပြည်သူ့လွှတ်တော်

(၂၂-၂-၂၀၁၇)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် (၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်) ပါရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၇ ကိုထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် (၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်) ပါရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၇ ကိုထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက် (၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက်) ပါရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၁၃/၂၀၁၇ ကိုထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် (၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်) ပါရက်စွဲဖြင့် အမိန့်အမှတ် ၁/၂၀၁၇ ကိုထုတ်ပြန်လိုက်သည်။

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း သည် Myanmar-China Pipeline Watch Committee (MCPWC) အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် သည် NAMATI မှ Mr. Tim Millar ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ (၂း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဥပဒေရေးရာစွမ်းဆောင်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ တောင်သူလယ်သမားများအတွက် ပိုမိုကောင်းမွန်ပြည့်စုံသော ဥပဒေများ ပေါ်ထွက်လာစေရေးနှင့် သိမ်းဆည်းခံမြေယာ  ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကာတာနိုင်ငံ သံအမတ်ကြီး H.E.Mr. Hassan Bin Mohamed Rafei Al Emadi အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာအဆောင်အမှတ် (I-11) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

Pages