Law Database | Mail | English Version

December 2016

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နယ်သာလန်နိုင်ငံ သံအမတ်ကြီး  H.E.Mr. Wouter Jurgens နှင့် စစ်သံမှူး Col’ Allard Wagemaker တို့အား ယနေ့နံနက် ၁၀ နာရီတွင် လည်းကောင်း၊ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E.Mr. Scot Marciel အား နံနက် ၁၁ နာရီတွင်လည်းကောင်း၊ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Peter Lysholt Hansen အား ညနေ ၃ နာရီခွဲတွင် လည်းကောင်း နေပြည်တော်ရှိ  လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-11) ရှိ ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် National Democratic Institute (NDI) အကြံပေးပုဂ္ဂိုလ် Mr. Edmond Effendija နှင့် အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် NDI ၏ လွှတ်တော်လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းလာစေရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီး H.E. Mr. Scot Marciel အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး သည် အင်ကြင်းဖွံ့ဖြိုးမှု ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးမင်းအောင် ဦးဆောင်သော အဖွဲ့အား ယနေ့ ညနေ ၄ နာရ်ီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ရေးရာဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုများနှင့် ပတ်သက်သော ဖွံ့ဖြိုးရေးကိစ္စရပ်များအား အကျိုးရှိစွာ အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်းပြီး ရင်နှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း သည် အင်ကြင်း ဖွံ့ဖြိုးမှုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးမင်းအောင် ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရ်ီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း နှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးမင်းနောင်၊ ဦးသက်နောင် တို့သည်   Environmental Investigation Agency (EIA) အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂ နာရီ် ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ရေးရာဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်၊  နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း သည်  Canada Parliamentary Centre မှ ပူးပေါင်းဆောင်ရွက်ရေးနှင့် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး Mr. Ivo Baitrov  အား ယနေ့ ညနေ ၃  နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ်  (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ ကော်မတီအတွင်းရေးမှူး၊ ကော်မတီအဖွဲ့ဝင် များနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး၊ အတွင်းရေးမှူး ဦးခင်မောင်စိုးနှင့် ကော်မတီဝင်များသည်  Canada Parliamentary Centre မှ Mr. Ivo Balinov, Director (Partnerships and Program Development)   အဖွဲ့အား ယနေ့ မွန်းလွဲ ၁၃ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ရေးရာဆောင် အဆောင်အမှတ်  (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် အာရှဒေသ ပတ်ဝန်းကျင်ကောင်းမွန်ရေးနှင့် နည်းပညာပြန့်ပွားမှုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Mr. Akio Kawakami ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

Pages