Law Database | Mail | English Version

December 2016

ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် University of Miyazaki မှ Prof. Mitsuhiro YOKOTA (Dean Of Faculty of Engineering UOM) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် ပြည်သူ့လွှတ်တော် ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာ နှစ်နိုင်ငံနှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမည့် ပညာရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်  ၂၀၁၆ ခုနှစ် 4th International  Camp ကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်နေသော  Gold Camp အား တက်ရောက်လာသည့် MMGG & GSJ တို့မှ မြန်မာကင်းထောက် အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည် ဦးဆောင်သော အဖွဲ့နှင့် ဂျပန်ကင်းထောက် အမျိုးသမီး အဖွဲ့မှ Ms. Chikako Fujishiro ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဆော်ဒီအာရေဗျဘုရင့်နိုင်ငံ သံအမတ်ကြီး H.E.Mr. SAHAL MOUSTAFA AHMED ERGESOUS အား ယနေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အားယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး၊ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော်အတွေ့အကြုံ များကိုရှင်းလင်းပြော ကြားသည်။

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Dr Nikolay Listopadov အား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်အချိန်တွင် လွှတ်တော်ဝန်းအတွင်းရှိ ကော်မရှင်ရုံးအဆောက်အအုံ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည်ရေးဆိုင်ရာကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်

 

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် International IDEA မြန်မာဌာနေ ကိုယ်စားလှယ်အသစ် Mark McDowell အား ယနေ့ နံနက် ၁၀ နာရီတွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ အဖွဲ့ဝင် ဦးနိုင်ထူးအောင်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း သည် JICA (Japan International Corporation Agency) မှ Legal Advisor Mr. Kenta KOMATSU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရ်ီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင်အမှတ် (I-4) အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ပြည်တွင်းသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်း ဌာနများနှင့် ပြည်တွင်း သတင်းစာ၊ ဂျာနယ်များမှ အယ်ဒီတာနှင့် သတင်းထောက်များအား ယနေ့ နေ့လည်  ၁၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် မီဒီယာခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က သတင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၁၆)သို့ တက်ရောက်သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး  သက်ဆိုင်ရာ တာဝန်ရှိ သူများက ယခင်အစည်းအဝေး (၁/၂၀၁၆) ဆုံးဖြတ်ချက်များအား ရှင်းလင်းတင်ပြကာ ကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ က သက်ဆိုင်ရာ ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြကြသည်။

Pages