Law Database | Mail | English Version

September 2016

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံဖွင့်ပွဲနေ့တွင် Committee on Women Parliamentarians of AIPA အစည်းအဝေးပွဲကို ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ The Hotel Royal ACE ရန်ကုန်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်စုစုလွင်က WAIPA ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အာဆီယံပါလီမန် အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသမီးလွှတ်တော် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ၏ ဂုဏ်ပြုညစာစားပွဲကို ယနေ့ညနေ (၇) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနအမှတ် (၁) (MICC–1) ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့် ဦးကျော်ဝင်း၊  အာဆီယံပါလီမန်များမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ AIPA နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ မိတ်

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန အမှတ် (၁) (MICC – 1) ကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားသည်။

ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်း၊ အာဆီယံပါလီမန်များ ညီလာခံသီချင်း၊ အာဆီယံသီချင်း နှင့် ပြည်ထောင်စုအင်အားသီချင်း တေးသရုပ်ဖော် အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ၏ အာဆီယံပါလီမန်များ ညီလာခံ ဥက္ကဋ္ဌရာထူး နှင့် အာဆီယံပါလီမန်များ ညီလာခံ အထွေထွေအတွင်းရေးမှူးချုပ်ရာထူး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန အမှတ် (၁) (MICC – 1) မြခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အာဆီယံပါလီမန်များ ညီလာခံ ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းလက်ခံသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် UNDP မှ Country Director Mr.Peter Batchelor  အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ကူညီပံ့ပိုးရေး၊ ၀န်ထမ်းများ စွမ်းရည်မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ သည် ဗီယက်နမ်နိုင်ငံ၊ အမျိုးသားညီလာခံ ဥက္ကဋ္ဌ H.E. Madam Nguyen Thi Kim Ngan ဦးဆောင်သည့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များနှင့်‌ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် အာဆီယံပါလီမန်များအစည်းအရုံး အတွင်းရေးမှူးချုပ် Hon.Periowsamy Otharamအား ယနေ့ မွန်းလွဲ ၁၃း၃၀ အချိန်တွင် နေပြည်တော်ရှိ  လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ရေးရာဆောင်အမှတ် (I-1) အစည်းအဝေး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ  ကော်မရှင်ဒုတိယဥက္ကဋ္ဌဦးကိုကိုနိုင် တက်ရောက်သည်။

၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစောသည် National Democratic Institute မှ ဌာနေကိုယ်စားလှယ် Ms.Ans Zwerver ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူများ၏ တိုင်ကြား စာများနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုထိရောက်စွာ ဖော်ဆောင်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း သည် စင်္ကာပူနိုင်ငံ၊ Lee Kuan Yew School of Public Policy (NUS)မှ Mr.Louis Low (The Coordinating Head of Regions Admission) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။    

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးစိန်ဝင်း ဒိန်းမတ်နိုင်ငံ၊ အလုပ်သမားရေးရာဝန်ကြီး H.E.Mr.Jorn Neetgaard Larsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၁၃း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

Pages