Law Database | Mail | English Version

August 2016

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် သည် အမေရိကန် သံအမတ်ကြီး H.E.Mr.Scot Marciel အား ယနေ့ ညနေ (၁၆း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ်  (I-2) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်စိုးလင်း၊ ဦးဥာဏ်လင်း၊ ဦးဝေလှိုင်ထွန်း၊၊ ဗိုလ်မှူးချုပ်မောင်မောင်၊ ဦးစတီဖန် တို့ တက်ရောက်ခဲ့ကြပြီး ဥပဒေကြမ်းကော်မတီ၏ ကဏ္ဍနှင့် လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ်လ သြဂုတ်လ ၁၇ ရက်

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း သည် နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E.Steve Marshall ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ (၃) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-5) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E.Mr. Scot Marciel အား ယနေ့ မွန်းလွဲ (၃) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၁၆ ရက်

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း သည် ဂျပန်နိုင်ငံမှ အောက်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ Mr. Masaharu NAKAGAWA   ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် ဂျပန်နိုင်ငံရှိ တိုကျိုတက္ကသိုလ်မှ  University of Tokyo (UOT)  ပါမောက္ခဆရာ ဖြစ်သူ Mr. Saburo Takizawa နှင့် Toyo Eiwa Women’s College (TEWC) တို့မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ နံနက် (၁၁) နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ရေဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တို့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Bounnhang VORACHITH အား ၂၀၁၆ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇဗ္ဗူသီရိဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ကိုယ်စား အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် သည် Marubeni Corporation မှ Mr.Koji Kuroda ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၆ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ ဦးခင်အေး၊ အတွင်းရေးမှူး ဦးခင်မောင်စိုးနှင့် ကော်မတီဝင်များ၊ ပညာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူးဦးခမ်ခန့်ထန်နှင့်ကော် မတီဝင်များ၊ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီအတွင်းရေးမှူးဒေါက်တာအောင်ခင်နှင့်ကော် မတီဝင်များသည်  Asian Development Bank (ADB) မှ Mr.Christopher Spohr (Principal Social Sector Specialist) ဦးဆောင်သည့် အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦး ရေးရာဆောင်အမှတ် (I-7) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Pages