Law Database | Mail | English Version

June 2016

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ နှင့် အဖွဲ့အား ၂၀၁၆ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ နှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်စိုးလင်း နှင့် ဦးဇော်ဝင်း တို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဇွန်လ ၂၉ ရက်

ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီနှင့် အဖွဲ့အား ၂၀၁၆ ခုနှစ် ဇွန်လ ၂၉ ရက်နေ့  မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဝင်းမြင့်အောင် နှင့်  အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဇွန်လ ၂၉ ရက်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ နှင့်အဖွဲ့အား  ၂၀၁၆ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဇွန်လ ၂၉ ရက်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Yoo Jae- Kyung အား  ၂၀၁၆ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ  ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဇွန်လ ၂၈ ရက်

၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဖြူးမြို့နယ်အတွင်းရှိ ကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲ တွင် ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက် အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ် ဇွန်လ၂၆ ရက်နေ့နံနက်(၁၀)နာရီတွင်ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ခန်းမ၌ကျင်းပရာ ပြည်ထောင် စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အမှာစကားပြောကြားသည်။    

ဇေယျာသီရိမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ အောင်ချက် အကောင်းဆုံးကျောင်းများအား မန်းအောင်ငြိမ်း ဖောင်ဒေးရှင်းမှ ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာ၊ အောင်မြေဘုံရတနာစိမ်းစားပင် ကျောင်း၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဧရာရွှေဝါ ခန်းမ၌ လွှတ်တော် ကိုယ်စားလှယ်များအား ၂၀၁၆ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ နံနက် (၁၀) နာရီ၌် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူများခံစားနေရသည့် ဒုက္ခများကို နည်းမှန်လမ်းမှန်ဖြင့် ကုစားပေးရန် လိုအပ် ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ ဆင်းရဲနွမ်းပါးပြီး တိုင်းပြည်မှာ ဆင်းရဲချို့တဲ့နေသည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို လိုအပ်သည်ထက်ပို၍ ခံစားမနေ သင့်ပါကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ဗန်ကောက်မြို့အခြေစိုက် ဘယ်လ်ဂျီယံနိုင်ငံသံရုံးမှ သံအမတ်ကြီး HE.Mr. Marc Michieisen အား ယနေ့ နံနက် (၁၁း၁၅) နာရီတွင်  နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် (I-5)၌ လက်ခံတွေ့ဆုံသည်။     

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ယနေ့ နံနက် ၉ နာရီတွင် ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌တွေ့ဆုံသည်။အဆို ပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ၂၀၁၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

  အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

Pages